ကိုယ့်စိတ်ထင်ထားတာနဲ့ လက်တွေ့မှာတကယ်ဖြစ်နေတာက ရစရာ မရှိအောင်လွဲခဲ့ကြသူများရဲ့ မနားတမ်း ရယ်နေရမယ့် ဓာတ်ပုံများ

စိတ်ပျက်စရာတွေဆိုတာ နေရာတိုင်း၊ ထောင့်တိုင်းကနေ မိမိတို့ရဲ့ နေ့စဉ်ဘဝထဲကို ဝင်လာဖို့စောင့်ဆိုင်းနေတတ်တာမျိုးပါ။ဟိုကြော်ငြာလေးတစ်ခုတောင်မှ သွားသတိရပါသေးတယ်။အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကြောင့် ခေါင်းအမြဲတိုင်း ကိုက်နေရတယ်ဆိုတာမျိုးလိုပေါ့။အွန်လိုင်းစတိုးတွေက ဝယ်ရတဲ့အရာတွေကလည်း ကိုယ်ပိုင်မျှော်လင့်ချက်တွေနဲ့ တစ်ခုမှမကိုက် ညီတာမျိုးတွေ ရှိတတ်ပါတယ်။ကိုယ်မျှော်လင့်တာက တစ်ခု၊ တကယ်တမ်းရလာတော့ မျှော်လင့်ချက်တွေနဲ့ လုံးလုံးလွဲသွားတဲ့ အရာတစ်ခုဆိုတာတွေ ဖြစ်ဖူးကြမှာပါ။အခုဖော်ပြပေးမှာကတော့ မျှော်လင့်ချက်နဲ့ လုံးဝလွဲသွားခဲ့ကြတဲ့ လူတွေရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

(၁)

ဘယ်ပုံကိုမှာပြီး ဘယ်အရာကို လက်ခံရရှိခဲ့တာလဲ…ကံဆိုးလိုက်တဲ့ အယ်လ်ဆာလေး

လက်ဆောင်ပေးဖို့ Frozen ကာတွန်းကားထဲက အယ်လ်ဆာရဲ့ပုံတူလေးကို မှာထားခဲ့တာဖြစ်ပေမယ့် ရောက်လာတဲ့ လက်ရာကတော့ အော်ငိုသွားစေခဲ့ပါတယ်။

ဘယ်လောက်များ တူလိုက်တဲ့ လက်ရာလည်း…. နှိုင်းယှဉ်သာကြည့်ကြပါတော့။

(၂)

ရင်ကိုထိချက်ပြင်းတဲ့ အပေါက်တစ်ပေါက်

တစ်ခါတစ်လေမှာ အထင်နဲ့အမြင် ပါစင်အောင်လွဲဆိုသလိုပဲ…အခုလည်ဗူးအပြည့်ထင်လို့ ဝယ်လိုက်ကာမှ ဖုံးထားတဲ့ စတေကာတွေလည်း

ခွာလိုက်ရော ဘယ်နေရာမှာ ခိုထားသလဲဆိုတာ တွေ့လိုက်ကြပြီမဟုတ်လား။ အသားဆတ်ဆတ် တုန်နေပါပြီနော်။

(၃)

ခွက်အပြည့်ပါမယ်ထင်လို့ ဝယ်ခဲ့လိုက်ပေမယ့်… ကလေးငယ်ရှိတဲ့ မိဘတွေတိုင်းခံစားမိကြမယ် ထင်ပါတယ်။

တစ်ချို့ကလေးတွေက ဒါဆိုဒါမှ လိုချင်တတ်ကြပြီး သူတို့ထင်တဲ့အတိုင်းမဟုတ်ရင် စိတ်တွေဆိုးပြီး ကောက်ကွေးကုန်ကြတာမျိုးပါ။

အခုလည်း အပြည့်ပါမယ်ထင်ပြီး ဝယ်ပေးလိုက်တဲ့ ဖေဖေတစ်ယောက်ဟာ အထဲမှာ အပြည့်မပါလာတဲ့အတွက် သူ့ကလေးရဲ့ စိတ်ကောက်မှုကြီးကို အပြည့်အဝခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။

(၄)

အစားအစာ ပြင်ဆင်ခြင်း သော့ချက်ဆိုတာ….

ဒီအတိုင်းသာ ပုံဖော်လိုက်ရင် တန်းနေမှာကတော့ အမှိုက်ပုံးထဲကိုပဲ ဖြစ်ပါတယ်။ ဘယ်လိုတွေများ ဘာနဲ့တူအောင် ပုံဖော်လိုက်သလဲဆိုတာ တွေးလို့တောင်မှမရပါဘူး။

သေချာတာကတော့ ငါဆိုရင်သူ့ကိုဘယ်တော့မှ အစားအသောက်ကို မပြင်ဆင်ခိုင်းတော့ပါဘူးလို့တောင် တွေးမိမှာပဲ ဖြစ်ပါတယ်။

(၅)

ဟိုတယ်ခန်းထဲက မြင်ကွင်းကျယ်ကြီးနဲ့ပြတင်းပေါက်ကြီး….အထင်နဲ့အမြင်

လိမ်ညာဆွဲဆောင်ထားလိုက်ပုံကြီးက ဟဟ အခါတစ်သိန်း ပေးချင်တယ်လို့တောင် ပြောရမလိုပါပဲ။

အခန်းထဲကနေ မြင်ကွင်းကျယ်ကြည့်ချင်တဲ့ လူတစ်ယောက်က သေချာလေးမှာကြားလို့ ဟိုတယ်ဘွတ်ကင်ယူခဲ့တာပါ။

သူထင်တာကတော့ လိုက်ကာကြီးကိုကြည့်ပြီး ဘယ်လောက်များလှတဲ့ မြင်ကွင်းကျယ်ပြတင်းပေါက်ကြီးပါလိမ့်ဆိုပြီး ဖွင့်ကြည့်လိုက်တဲ့ အခါကျမှ ရင်ကွဲပက်လက် ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

(၆)

တော်တော်တူတယ်နော်…ဟုတ်တယ်မှတ်လား

ဒါမျိုးတွေကတော့ ခဏခဏကြုံတွေ့တတ်ပါတယ်။ အပြင်ကပြထားတဲ့ မုန့်နဲ့ အထဲကပါတဲ့မုန့်ဟာ လုံးလုံးမတူတာမျိုးပါ။

ဒါကလည်း သယ်ဆောင်တဲ့အချိန်တွေဘာတွေမှာ ဖိမိလို့ ဖြစ်နိုင်ပေမယ့် အပြုံးမျက်နှာလေးကနေ မဲ့နေတဲ့ မျက်နှာလေးဖြစ်သွားတာတော့ မတတ်နိုင်ဘူးလို့ပဲ ဆိုရမှာပါ။

(၇)

မစ္စပေါ့နဲ့ ချစ်ပ်ရဲ့ ဒေါသထွက်နေမှု ဗားရှင်းသစ်

Beauty And The Beast ကာတွန်းကားထဲက ချစ်ဖို့ကောင်းပြီး သဘောကောင်းလွန်းတဲ့ မစ္စပေါ့နဲ့ ချစ်ပ်ရဲ့ ပုံလေးကို ဒေါသထွက်နေတဲ့ ဗားရှင်းမျိုးနဲ့ တစ်ခါမှမမြင်ဖူးခဲ့ပါဘူး။

အခုတော့ ကိတ်မုန့်ဖုတ်သူရဲ့ လက်ရာအစွမ်းနဲ့ မြင်ဖူးလိုက်ပါပြီလေ…ကျေးဇူးတင်ပါတယ်နော်…ပျော်ရွှင်စေချင်လို့ မွေးနေ့ကိတ်ကို လှတပမှာပါတယ်ဆိုမှ အာခေါင်ခြစ်အော်ငိုနေမယ့်ကလေး မျက်နှာကိုမြင်ယောင်ပြီး ကျေးဇူးတွေ တင်နေပါပြီ။

(၈)

ပင့်ကူလူသား ကြီးထွားလာပုံပါနော်

ကလေးဆော့တဲ့ စမိုင်းလ်လေးတွေနဲ့ ကလေးကျေနပ်အောင် ပုံစံတူပြုလုပ်ပေးထားတဲ့ ဖေဖေတစ်ဦးရဲ့လက်ရာ ဖြစ်ပါတယ်။

ကလေးကြိုက်မကြိုက်တော့ မသိပေမယ့် အခုကြည့်နေတဲ့ ပရိသတ်တွေတော့ ရယ်ချင်သွားမယ်ဆိုတာ အသေချာပါပဲ။

(၉)

မစ်ရှိတ်တစ်ခွက်လုံးကို ပါဆယ်ခွက်ထဲ ထည့်လိုက်တဲ့အခါမှာတော့….

ဖန်ခွက်အပြည့်သောက်ချင်စရာကောင်းနေတဲ့ မစ်ရှိတ်ကို ပါဆယ်ခွက်ထဲထည့်ပြီး ယူသွားမယ်လည်း ကြံရော ဘယ်လောက်ကွာခြားသွားတဲ့ မြင်ကွင်းပါလဲ…

ခွက်သေးသေးတစ်ခွက်ရဲ့ တဝက်တောင်ရှိမနေတော့ပါဘူး။

(၁၀)

ခင်ပွန်းသည်အတွက် ကျွန်မရဲ့လက်ဆောင်..ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်သွားပေမယ့် သူသိပ်ကြိုက်ခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းသည်ကို စပရိုက်စ်လုပ်ဖို့အတွက် အသည်းပုံဘောလုံးတွေကို အိပ်ယာထက်မှာ တင်ထားခဲ့ပါတယ်။ သူရည်ရွယ်တာကတော့ အသည်းပုံဘောလုံးတွေဖြစ်ဖို့ ဆိုပေမယ့်လည်း တကယ်တမ်းသူ လုပ်ခဲ့တဲ့ ဘောလုံးတွေက အသည်းပုံလေးတွေနဲ့ မတူပဲ ဘာနဲတူနေသလဲဆိုတာတော့ ပရိသတ်ကြီးပဲ ခန့်မှန်းကြည့်လိုက်ပါတော့နော်…အော်ဒါနဲ့ သူ့ခင်ပွန်းကတော့ အရမ်းကြိုက်တယ်လို့ ပြောခဲ့ပါတယ်။

(၁၁)

ဘဝပျက်သွားတဲ့ မီနီယံလေး…

ရည်ရွယ်ထားတာတွေနဲ့ လက်တွေ့မှာ ဖြစ်လာတာတွေ မတူနိုင်ဘူးဆိုတာ လောကဒဏ်ရဲ့ လှည့်ကွက်တစ်ခုပါ။

ဒီလှည့်ကွက်ကို ခံနိုင်အောင် ပြင်ဆင်ထားခဲ့ရင် သင်စိတ်ဆိုးဒေါသထွက်မှုလျော့နည်းစေမှာ အသေချာပါပဲ။

(၁၂)

ကျွန်တော့်မိန်းမရဲ့ အပ်ချုပ်အတတ်ပညာပါ..

အနီရောင်မြေခွေးလေးကို ချုပ်ပြလိုက်တဲ့ မိန်းမဖြစ်သူရဲ့လက်ရာကို ကြည့်ပြီး ချစ်စနိုးနဲ့အံ့သြသွားတဲ့ ခင်ပွန်းဖြစ်သူက ကြွားထားတာလေး ဖြစ်ပါတယ်။

လက်ရာကို ကျိတ်ခိုက်နေတယ်တော့ လုပ်လိုက်…

(၁၃)

သင့်ရဲ့စွမ်းရည်ကို အလွန်အမင်း မျှော်လင့်ထားမိသောအခါ

သစ်သီးတွေမှာ အရုပ်လေးတွေထွင်းတာမျိုး လူတိုင်းမြင်ဖူးကြမှာပါ။ လုပ်လည်း လုပ်ကြည့်ချင်ကြပါလိမ့်မယ်။

အခုလို ရွှေဖရုံသီးမှာ လူပုံလေးထွင်းထားပုံကလည်း လိုက်လုပ်ကြည့်ချင်လောက်အောင် ဖြစ်သွားတဲ့အခါ လိုက်လုပ်ကြည့်ခဲ့ပါတယ်။

ထင်သလောက်မလွယ်ဘူးဆိုတာ ပေါက်ပြဲသွားတဲ့ ရွှေဖရုံသီးလေးက သက်သေခံနေပါ တယ်။

(၁၄)

Snow Maiden ဆိုတာ..

Snow Maiden အရုပ်လေးကို မြင်ပြီး အထဲမှာပါတဲ့ ချောကလက်လေးကလည်း အဲဒီလိုအရုပ်လေးလားလို့ ထင်မြင်မိလို့ ခွာကြည့်လိုက်တဲ့အချိန်မှာတော့…။

(၁၅)

ဘရိုကိုလီပါတဲ့ အရသာကို ရွေးဝယ်လာခဲ့သူတစ်ယောက် ကျတဲ့မျက်ရည်

ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း) ပါတယ်ဆိုလို့ တမင်ကိုရွေးဝယ်လာခဲ့တာပါ။

ဒါပေမယ့် တကယ့်ကို ဘုရားစူး ဘရိုကိုလီတစ်ဖတ်ပဲ ပါခဲ့တဲ့အချိန်မှာတော့ သူ့ရဲ့ သည်းခံနိုင်မှုစွမ်းအား ကုန်ဆုံးသွားခဲ့ပြီး လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ပါတော့တယ်။

(၁၆)

ငါဘာတွေ မျှော်လင့်မိမှန်း ငါ့ကိုငါမသိတော့ဘူး….

တကယ်တော့သူမျှော်လင့်ထားတဲ့ အရာကို သူသေချာလေးသိပါတယ်။ ဒါပေမယ့် တကယ်ရလာတော့ လိုချင်တဲ့ ပုံစံနဲ့ နည်းနည်းလေးမှ ဆင်မနေတာတော့ ကိုယ်တိုင်ကိုက ပူဖောင်းမှုတ်တာညံ့လို့ပဲ လို့လက်ခံလိုက်ပါတော့။

(၁၇)

ကျန်းမာရေးအကျိုးပြု အသားညှပ်ပေါင်မုန့်

တကယ်ကျန်းမာရေးအတွက် အကျိုးပြုတာပါနော်..မယုံမရှိပါနဲ့..အထဲကိုသေချာချင်လို့ ခွာကြည့်လိုက်တော့ ဘာတွေပါသတဲ့တုန်း….။

ဘယ်လောက်တောင်များ ခိုလိုက်ပါသလဲလို့…ဒီဆိုင်တွေမှ မချမ်းသာရင် ဘယ်ဆိုင်မှ မချမ်းသာပါဘူးနော်..

(၁၈)

စိတ်ကူးထဲက ရေသူမဝတ်စုံလေး

စိတ်ကူးထဲကရေသူမဝတ်စုံလေးကို အပြင်မှာပုံဖော်လိုက်တဲ့အခါ.. သူမစဉ်းစားနေတာကတော့ ငါဘယ်နေရာမှာများ လိုသွားပါလိမ့်လို့ပါ..

အားနာလို့ ကောင်းကောင်းရေးပေးနေတာပါ..။ တကယ်တော့ တစ်စိလေးမှ ရေသူမဝတ်စုံနဲ့ တူမနေပါဘူး။

(၁၉)

စနှိုးဝှိုက်ဆိုတာ….

စနှိုးဝှိုက်လေးရဲ့ကာတွန်းပုံလေးကို လိုက်လံတုပရင်း ထွက်လာတဲ့ စနှိုးဝှိုက်ပုံစံတူ နောက်တစ်ယောက်ဖြစ်ပါ တယ်။

သူလုပ်ထားတဲ့ ပုံကိုကြည့်ရင်း သူကပြောခဲ့ပါသေးတယ်…စနိုးဝှိုက်က တကယ်တော့ အဲဒီလောက် လှခဲ့တာမဟုတ်ပါဘူး…ငါလုပ်ထားသလောက်ပဲ လှတာပါတဲ့.. လေကတော့ တပြားသားမှကို မလျော့တာပါနော်..။

(၂၀)

သင်ထင်နေပုံနဲ့ ရောက်လာတဲ့အခါ သင့်လက်တွေ့ပုံက…..

အွန်လိုင်းကနေ အဝတ်အစားတွေမှာမယ်ဆိုရင်တော့ သင်ဟာ အရာရာအတွက် ပြင်ဆင်ထားရမှာပဲ ဖြစ်ပါ တယ်။

မျက်မြင်ဝယ်တာလောက် စိတ်ချရတာ ဘာမှမရှိပါဘူးလို့သာ အကြံပေးလိုက်ချင်ပါတယ်။

(၂၁)

ဒီတစ်ခုကတော့ ပုံထဲမှာ ပြထားတဲ့အတိုင်း ဟော့ဒေါ့ ၅ ခု ပါမယ်ထင်ပြီး ဝယ်ပြီးအခါမှ အထဲမှာ ၄ ခုတည်း ပါလာတာမျိုးဖြစ်ပါတယ်။

ဘယ်လောက်တောင် အသည်းနာစရာ ကောင်းသလဲနော်။

(၂၂) ဒါတော့ နည်းနည်းများသွားပြီ

ပုံထဲမှာ ပြထားတာက အသားတွေ အထပ်ထပ်နဲ့ ချီ့စ်တွေလည်း အများကြီးဖျန်းပေးထားပေမယ့် တကယ်မှာတော့ အသားပြားက ပေါင်မှန့်တစ်ပြားစာတောင် မပြည့်ပါလားနော်။

(၂၃) လုပ်ရပ်လိုက်တာနော်

ဝယ်တာက ပုံမှာပြထားတဲ့ အထပ်ထပ်ခေါက်ထားတဲ့ ကိုယ်သုတ်ပဝါလေ။

ဘယ်လိုဖြစ်ပြီး ကြောင်သုတ်ပုဝါ ဖြစ်နေရတာလဲနော်။

(၂၄) နင် ညာဏ်ကောင်းလွန်းခဲ့တယ်

ဘာမှ ထွေထွေထူးထူး မပြောချင်တော့ပါဘူး။

လုပ်ရပ်လိုက်တာနော်။

(၂၅) အပြင်မှာ ပြုံးနေပေမယ့် အထဲမှာ ငါငိုနေတယ်

ပုံမှာပြထားတာကတော့ အသားညှပ်ပေါင်မုန့်ဆိုပေမယ့်

အထဲမှာကျတော့ အသားက ထိပ်နှစ်ဘက်ပဲ ထည့်ပေးထားတာ ဖြစ်ပါတယ်။

(၂၆) တစ်ခါလိမ်ခံရဖူးပြီးရင် တစ်သတ်မှတ်ထားပါ့မယ်

ဒီ ဆယ်မွန်ငါး အသားညှပ်ပေါင်မုန့်ကို ဝယ်စားပြီးသူတိုင်း

နောက်တစ်ခါ ဝယ်စားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

(၂၇) ဖြေရှင်းချက် ပေးကြပါ

ပုံမှာပြထားတဲ့ မနက်စာစားဖို့ ဝက်အူချောင်းတွေက ဘယ်လိုလုပ်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေရတာလဲနော်။

ဖြေရှင်းချက် ပေးဖို့တော့ လိုနေပြီ။

(၂၈)

မီမီကိုခွင့်လွှတ်ပေးပါ သားရေ..မရည်ရွယ်ပါဘူးနော်

သူများတွေရဲ့ ခွေးလေးတွေက အသည်းပုံအမြီးပုံလေးကို မြင်ပြီး လိုက်လုပ်ခဲ့တဲ့ သခင်တစ်ယောက်ရဲ့ နောင်တကတော့ နောက်ကျမှရခဲ့တဲ့ နှောင်းနောင်တပါပဲ။

သူကသေသေချာချာ Spa ကိုပြောပြခဲ့ပေမယ့် ဝန်ထမ်းရဲ့ မကျွမ်းကျင်မှုကြောင့် ဖင်ကွက်ကလေး ဖြစ်သွားခဲ့ရတဲ့ တိလေးအတွက် ရင်ထဲမကောင်းပါဘူးနော်လို့ပဲ ပြောချင်ပါတယ်။

ဖြစ်ချင်တာမဖြစ်ရတဲ့ လောကကြီးမှာ ဘယ်ပုံတွေလိုမျိုးသင်ကြုံဖူးပါသလဲ..

ကောမန့်လေးတွေဝေမျှပေးခဲ့လို့ ရပါတယ်နော်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့နေ့သစ်ပေါင်းများစွာကိုသာ ပိုင်ဆိုင်နိုင်ကြပါစေနော်..။