“၁၉၈၀ ခုႏွစ္က ငလ်င္လႈပ္လို႔ ေပ်ာက္ကြယ္သြားတဲ့ မိုင္းတုံၿမိဳ႕နယ္မွ သဘာ၀လွိုင္ဂူႀကီးကို ျပန္လည္ေတြ႕ရွိ”

ဌာနစုံပါဝင္သည့္ ကြင္းဆင္းအဖြဲ႕သည္ ဒီဇင္ဘာ ၁ဝ ရက္၊ နံနက္ ၁၁ နာရီ၂ဝမိ နစ္တြင္ မီးစက္ႏွင့္လိုအပ္သည့္ အေထာက္အကူျပဳပစၥည္းမ်ားျဖင့္ဝင္ေရာက္ခဲ့ရာ အဆိုပါေက်ာက္ဂူအဝင္ဝမွာ ကား လမ္းမမွ ေအာက္ဘက္ ၁၅ ေပခန႔္နိမ့္ဝင္ေနၿပီး ပုံမွန္ဝင္၍ရသည္အထိ

ေပ ၃၂၀ ရွိကာ အျမင့္ ၁၈ ေပ၊ အက်ယ္ ၂၅ ေပခန႔္ပွ်မ္းမွ်ရွိေၾကာင္း၊ ဂူဆုံးေနရာတြင္ ခႏၶာကိုယ္ေသးသြယ္သည့္ လူငယ္မ်ားသာ ဝင္ေရာက္နိုင္သည့္ ၂ ေပခြဲခန႔္ ဂူေပါက္ငယ္ ၁ ေပါက္၊ အရွည္ ၈၄ ေပခန႔္ဂူငယ္ ၁ ခုတို႔ကိုေတြ႕ရွိရေၾကာင္း၊ဂူမွာ ထုံးေက်ာက္အမ်ိဳးအစားျဖစ္ၿပီး

သာမန္အေနအထားအရ ၿပိဳက်ရန္မရွိေသာ္လည္း ေရတိုက္စားျခင္းႏွင့္ ငလ်င္လႈပ္ပါက ေက်ာက္မ်ားအနည္းငယ္ ၿပိဳက်လာနိုင္ေၾကာင္း၊ လူ ၃၀ အထက္ဆိုပါက အသက္ရႈၾကပ္နိုင္ေၾကာင္း၊ မိုးတြင္းတြင္ ေရဝင္ေရာက္မႈ ၁၀ ေပခန႔္အထိရွိနိုင္သျဖင့္ မိုးတြင္းတြင္

ဂူအတြင္း လုံးဝ ဝင္ေရာက္ရန္ မသင့္ေလ်ာ္ေၾကာင္းႏွင့္ ဂူအတြင္း လင္းနို႔ အနည္းငယ္ကို ေတြ႕ရွိရေၾကာင္း၊ ဂူေနာက္ဆုံးပိုင္းတြင္ ဝမ္းလ်ားေမွာက္၍ ဝင္ေရာက္ရသည္ျဖစ္၍ သာမန္အားျဖင့္ ဝင္ေရာက္ျခင္း မျပဳရန္ လုံးဝတားျမစ္သင့္ေၾကာင္း

ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။“ဒီဂူက အရင္ဝင္ေပါက္က က်ဥ္းတယ္။ ၁၉၈ဝေလာက္က ငလ်င္လႈပ္ၿပီး ဂူေပါက္ေပ်ာက္သြားတာ ခုျပန္ ေပၚတာပါ။ ထမ့္နမ့္လင္းတက္ လို႔ ေခၚတယ္။ ကြၽတ္ေတြေပါတဲ့ေရေခ်ာင္းဂူလို႔ ျမန္မာလိုေျပာရမယ္ထင္တယ္။

ေရက မိုင္းတုံအေရွ႕ဘက္က နားပါေကာ္ဖက္အထိ ေပါက္တယ္လို႔လူႀကီးေတြ ေျပာတာရွိတယ္။ တခ်ိဳ႕ေတြလည္း ေရေခ်ာင္း က ေ႐ႊတိုေ႐ႊစေတြရတယ္လို႔ေျပာၾကတယ္” ဟု

အမ်ားျပည္သူအခ်ိဳ႕ဝင္ေရာက္ေလ့လာမႈမ်ား ျပဳလုပ္လ်က္ရွိသျဖင့္ မလိုလားအပ္ေသာ ျပႆနာမ်ားျဖစ္ပြားမႈ မွကာကြယ္ရန္

သဘာဝေက်ာက္ဂူအား ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္းႏွင့္ မလိုအပ္ဘဲ ေက်ာက္ဂူအတြင္းဝင္ ေရာက္ျခင္းမျပဳၾကရန္ တိုက္တြန္းအႀကံျပဳထားေၾကာင္း သိရသည္။ မိုင္းဆတ္ခရိုင္၊ မိုင္းတုံၿမိဳ႕နယ္တြင္ လတ္တေလာ ေတြ႕ရွိထားသည့္ သဘာ၀ ေက်ာက္ဂူသည္

အမ်ားျပည္သူ ဝင္ေရာက္ေလ့လာရန္ မသင့္ေလ်ာ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရသည္ဟု ေျမျပင္ကြင္းဆင္းအဖြဲ႕ေခါင္းေဆာင္ မိုင္းတုံ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ကိုကိုေဇာ္က ေျပာဆိုခဲ့သည္။ အဆိုပါ ေက်ာက္ဂူအတြင္း အမ်ားျပည္သူ ဝင္ေရာက္ ၾကည့္ရႈေလ့လာရာတြင္

သဘာဝေဘးအႏၲရာယ္ျဖစ္ပြားျခင္းမွ ကာကြယ္နိုင္ရန္အတြက္ ေျမျပင္ကြင္းဆင္း စစ္‌ေဆးေရးအဖြဲ႕က ဒီဇင္ဘာလ ၁၀ ရက္တြင္ ကြင္းဆင္းစစ္ေဆးခဲ့ရာ ေတြ႕ရွိခ်က္ႏွင့္ ပတ္သက္၍ ဒုရဲမႉး ကိုကိုေဇာ္က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ဂူအတြင္း ေရက ၁၀ ေပေလာက္အထိ ေရာက္တာ ေတြ႕ရတယ္။ ဂူက်ဥ္းသြားတဲ့ ေနရာမွာ ေလးဘက္ေထာက္ တြားသြားရတဲ့ အေနအထားနဲ႕ ေဒါင္လိုက္ဆို ပိန္တဲ့သူတစ္ေယာက္ ဝင္လို႔ရတဲ့ အက်ယ္ ဆိုေတာ့ ဝင္တဲ့သူေတြ၊ အထူး သျဖင့္

ကေလးေတြအတြက္ အႏၲရာယ္ ရွိနိုင္တယ္။ ၿပီးေတာ့ လူမ်ားလာရင္ ေအာက္စီဂ်င္လည္း ျပတ္နိုင္တယ္။ ေတြ႕ရွိ ခ်က္အရ အမ်ားျပည္သူ ဝင္ေရာက္ဖို႔ မသင့္ေလ်ာ္ပါဘူး” ဟု ၎က ေျပာသည္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဌာနစုံပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ဒီဇင်ဘာ ၁ဝ ရက်၊ နံနက် ၁၁ နာရီ၂ဝမိ နစ်တွင် မီးစက်နှင့်လိုအပ်သည့် အထောက်အကူပြုပစ္စည်းများဖြင့်ဝင်ရောက်ခဲ့ရာ အဆိုပါကျောက်ဂူအဝင်ဝမှာ ကား လမ်းမမှ အောက်ဘက် ၁၅ ပေခန့်နိမ့်ဝင်နေပြီး ပုံမှန်ဝင်၍ရသည်အထိ

ပေ ၃၂၀ ရှိကာ အမြင့် ၁၈ ပေ၊ အကျယ် ၂၅ ပေခန့်ပျှမ်းမျှရှိကြောင်း၊ ဂူဆုံးနေရာတွင် ခန္ဓာကိုယ်သေးသွယ်သည့် လူငယ်များသာ ဝင်ရောက်နိုင်သည့် ၂ ပေခွဲခန့် ဂူပေါက်ငယ် ၁ ပေါက်၊ အရှည် ၈၄ ပေခန့်ဂူငယ် ၁ ခုတို့ကိုတွေ့ရှိရကြောင်း၊ဂူမှာ ထုံးကျောက်အမျိုးအစားဖြစ်ပြီး

သာမန်အနေအထားအရ ပြိုကျရန်မရှိသော်လည်း ရေတိုက်စားခြင်းနှင့် ငလျင်လှုပ်ပါက ကျောက်များအနည်းငယ် ပြိုကျလာနိုင်ကြောင်း၊ လူ ၃၀ အထက်ဆိုပါက အသက်ရှုကြပ်နိုင်ကြောင်း၊ မိုးတွင်းတွင် ရေဝင်ရောက်မှု ၁၀ ပေခန့်အထိရှိနိုင်သဖြင့် မိုးတွင်းတွင်

ဂူအတွင်း လုံးဝ ဝင်ရောက်ရန် မသင့်လျော်ကြောင်းနှင့် ဂူအတွင်း လင်းနို့ အနည်းငယ်ကို တွေ့ရှိရကြောင်း၊ ဂူနောက်ဆုံးပိုင်းတွင် ဝမ်းလျားမှောက်၍ ဝင်ရောက်ရသည်ဖြစ်၍ သာမန်အားဖြင့် ဝင်ရောက်ခြင်း မပြုရန် လုံးဝတားမြစ်သင့်ကြောင်း

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။“ဒီဂူက အရင်ဝင်ပေါက်က ကျဉ်းတယ်။ ၁၉၈ဝလောက်က ငလျင်လှုပ်ပြီး ဂူပေါက်ပျောက်သွားတာ ခုပြန် ပေါ်တာပါ။ ထမ့်နမ့်လင်းတက် လို့ ခေါ်တယ်။ ကျွတ်တွေပေါတဲ့ရေချောင်းဂူလို့ မြန်မာလိုပြောရမယ်ထင်တယ်။

ရေက မိုင်းတုံအရှေ့ဘက်က နားပါကော်ဖက်အထိ ပေါက်တယ်လို့လူကြီးတွေ ပြောတာရှိတယ်။ တချို့တွေလည်း ရေချောင်း က ရွှေတိုရွှေစတွေရတယ်လို့ပြောကြတယ်” ဟု

အများပြည်သူအချို့ဝင်ရောက်လေ့လာမှုများ ပြုလုပ်လျက်ရှိသဖြင့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားမှု မှကာကွယ်ရန်

သဘာဝကျောက်ဂူအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ ကျောက်ဂူအတွင်းဝင် ရောက်ခြင်းမပြုကြရန် တိုက်တွန်းအကြံပြုထားကြောင်း သိရသည်။ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် လတ်တလော တွေ့ရှိထားသည့် သဘာ၀ ကျောက်ဂူသည်

အများပြည်သူ ဝင်ရောက်လေ့လာရန် မသင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု မြေပြင်ကွင်းဆင်းအဖွဲ့ခေါင်းဆောင် မိုင်းတုံ မြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ပြောဆိုခဲ့သည်။ အဆိုပါ ကျောက်ဂူအတွင်း အများပြည်သူ ဝင်ရောက် ကြည့်ရှုလေ့လာရာတွင်

သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း စစ်‌ဆေးရေးအဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ တွေ့ရှိချက်နှင့် ပတ်သက်၍ ဒုရဲမှူး ကိုကိုဇော်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဂူအတွင်း ရေက ၁၀ ပေလောက်အထိ ရောက်တာ တွေ့ရတယ်။ ဂူကျဉ်းသွားတဲ့ နေရာမှာ လေးဘက်ထောက် တွားသွားရတဲ့ အနေအထားနဲ့ ဒေါင်လိုက်ဆို ပိန်တဲ့သူတစ်ယောက် ဝင်လို့ရတဲ့ အကျယ် ဆိုတော့ ဝင်တဲ့သူတွေ၊ အထူး သဖြင့်

ကလေးတွေအတွက် အန္တရာယ် ရှိနိုင်တယ်။ ပြီးတော့ လူများလာရင် အောက်စီဂျင်လည်း ပြတ်နိုင်တယ်။ တွေ့ရှိ ချက်အရ အများပြည်သူ ဝင်ရောက်ဖို့ မသင့်လျော်ပါဘူး” ဟု ၎င်းက ပြောသည်။ ခရက်ဒစ်