ဆန္ေတြ ဝယ္ထားတာၾကာလာလို႔ မည္းလာျခင္း၊ ပိုးထိုးျခင္းတို႔မွ ကာကြယ္ႏိုင္မည့္ အခ်က္ (၅)ခ်က္

ဆန္ေတြ ဝယ္ထားတာၾကာလာလို႔ မည္းလာတာ ပိုးထိုးလာလွ်င္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) အိမ္ေတြမွာ ဆန္ေတြ ဝယ္ထားတာ ၾကာလာလို႔ မည္းလာတာ ပိုးထိုးတာ မျဖစ္ရေအာင္

အိမ္ေတြမွာ ဆန္ေတြ ဝယ္ထားတၾကာလာရင္ ပိုးေကာင္ေတြ တက္တာ၊ ဆန္ေတြ မည္းလာတာမ်ိဳးေတြ ႀကဳံဖူးၾကမွာပါ။ ဒီရန္ေတြကေန ဘယ္လိုကာကြယ္မလဲဆိုတဲ့ အခ်က္က ၅ ခ်က္ပဲရွိပါတယ္။ ရိုးရွင္းၿပီးလြယ္ကူပါတယ္။

၁။ င႐ုတ္သီးေျခာက္ ထည့္ထားပါ -ေလလုံတဲ့ ဘုံးေတြထဲ ထည့္ထားမယ္ဆိုရင္ေတာ့ င႐ုတ္သီး အနီေျခာက္တခ်ိဳ႕ကိုပါ ေရာၿပီးထည့္ထားေပးပါ။ င႐ုတ္သီးရဲ႕အနံ႔ကို ပိုးမႊားေတြကမႀကိဳက္ပါဘူး။ င႐ုတ္သီးလိုပဲ င႐ုတ္ေကာင္းေစ့ (သို႔)ေလးညွင္းပြင့္ေလးေတြ ထည့္ထားလို႔ရပါတယ္။

၂။ ေနေရာင္ခံေပးပါ -သင့္ဆန္ေတြမွာ အျဖဴ ဒါမွမဟုတ္ အနက္ေရာင္ ပိုးေလးေတြ အမ်ားႀကီး တက္ေနၿပီဆိုရင္ေတာ့ ေနေရာင္ထဲမွာ ၃-၄နာရီေလာက္ ထားေပးပါ။ အပူက ပိုးေတြကို ေသေစနိုင္ပါတယ္။

၃။ တမာ႐ြက္ ထည့္ေပးပါ -ဒါ့အျပင္ တမာ႐ြက္ေလး အုပ္ထားေပးလို႔လည္း ရပါတယ္။ ပိုးမႊားေတြက တမာ႐ြက္ရွိတဲ့ေနရာ မလာတတ္ပါဘူး။ တခ်ိဳ႕ဆိုရင္ အက်ေတြသိမ္းတဲ့ ေနရာေတြမွာေတာင္ ထားတတ္ၾကပါတယ္။

၄။ သိမ္းတဲ့ေနရာ မွန္ပါေစ -ဆန္အိတ္ ဒါမွမဟုတ္ ဆန္ဘုံးေတြကို ထားမယ္ဆိုရင္ ေနေရာင္ တိုက္ရိုက္ရမယ့္ေနရာေတြကိုေရွာင္ပါ။ ေမွာင္ၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ ထားပါ။ စိုစြတ္ေနတဲ့ေနရာမ်ိဳးေတြ ေရွာင္ပါ။ စိုစြတ္တဲ့ေနရာေတြဟာ ဆန္ေတြကို ပ်က္စီးေစသလို ပိုးမႊားေတြကိုလည္း ရွင္သန္ေစပါတယ္။

၅။ ဆန္ထည့္မယ့္ ပစၥည္း -ဆန္ထည့္တဲ့အခါ အရည္အေသြးေကာင္းတဲ့ ပလပ္စတစ္ဘုံးေတြဟာ အသင့္ေတာ္ဆုံးပါပဲ။ လုံေအာင္ပိတ္ထားလို႔ရသလို ေလလဲလုံေစပါတယ္။ ဒါကေတာ့ ဆန္ပိုးထိုးျခင္းျပသနာကို လြယ္ကူစြာ ေျဖရွင္းတဲ့နည္း -မိမိတို႔ေနအိမ္က ဆန္ႏွင့္ဆန္မႈန႔္မ်ား

ပိုးတက္ျခင္း ပိုးထိုးျခင္းမ်ား မျဖစ္ေပၚရေလေအာင္ ဆန္ထဲသို႔ င႐ုပ္သီးအေျခာက္/အေႂကြေစ့/ၾကက္သြန္ နီ /ျဖဴ ႏွင့္ ကရေဝး႐ြက္မ်ားကို ထည့္ေပးထားျခင္းျဖင့္ ဆန္ႏွင့္ဆန္မႈန႔္မ်ား ပိုးထိုးျခင္းမွ ကင္းေဝးေစပါသည္။ ေက်းဇူးတင္ပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဆန်တွေ ဝယ်ထားတာကြာလာလို့ မည်းလာတာ ပိုးထိုးလာလျှင်။ အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာလို့ မည်းလာတာ ပိုးထိုးတာ မဖြစ်ရအောင်

အိမ်တွေမှာ ဆန်တွေ ဝယ်ထားတကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီရန်တွေကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်က ၅ ချက်ပဲရှိပါတယ်။ ရိုးရှင်းပြီးလွယ်ကူပါတယ်။

၁။ ငရုတ်သီးခြောက် ထည့်ထားပါ -လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီး အနီခြောက်တချို့ကိုပါ ရောပြီးထည့်ထားပေးပါ။ ငရုတ်သီးရဲ့အနံ့ကို ပိုးမွှားတွေကမကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့)လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။

၂။ နေရောင်ခံပေးပါ -သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင် ပိုးလေးတွေ အများကြီး တက်နေပြီဆိုရင်တော့ နေရောင်ထဲမှာ ၃-၄နာရီလောက် ထားပေးပါ။ အပူက ပိုးတွေကို သေစေနိုင်ပါတယ်။

၃။ တမာရွက် ထည့်ပေးပါ -ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ ပိုးမွှားတွေက တမာရွက်ရှိတဲ့နေရာ မလာတတ်ပါဘူး။ တချို့ဆိုရင် အကျတွေသိမ်းတဲ့ နေရာတွေမှာတောင် ထားတတ်ကြပါတယ်။

၄။ သိမ်းတဲ့နေရာ မှန်ပါစေ -ဆန်အိတ် ဒါမှမဟုတ် ဆန်ဘုံးတွေကို ထားမယ်ဆိုရင် နေရောင် တိုက်ရိုက်ရမယ့်နေရာတွေကိုရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါ။ စိုစွတ်နေတဲ့နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့နေရာတွေဟာ ဆန်တွေကို ပျက်စီးစေသလို ပိုးမွှားတွေကိုလည်း ရှင်သန်စေပါတယ်။

၅။ ဆန်ထည့်မယ့် ပစ္စည်း -ဆန်ထည့်တဲ့အခါ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ဘုံးတွေဟာ အသင့်တော်ဆုံးပါပဲ။ လုံအောင်ပိတ်ထားလို့ရသလို လေလဲလုံစေပါတယ်။ ဒါကတော့ ဆန်ပိုးထိုးခြင်းပြသနာကို လွယ်ကူစွာ ဖြေရှင်းတဲ့နည်း -မိမိတို့နေအိမ်က ဆန်နှင့်ဆန်မှုန့်များ

ပိုးတက်ခြင်း ပိုးထိုးခြင်းများ မဖြစ်ပေါ်ရလေအောင် ဆန်ထဲသို့ ငရုပ်သီးအခြောက်/အကြွေစေ့/ကြက်သွန် နီ /ဖြူ နှင့် ကရဝေးရွက်များကို ထည့်ပေးထားခြင်းဖြင့် ဆန်နှင့်ဆန်မှုန့်များ ပိုးထိုးခြင်းမှ ကင်းဝေးစေပါသည်။ ကျေးဇူးတင်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်