ဒီကေန႔ ဇြန္လ ၆ရက္ေန႔မွာ ခ်စ္ရသူနဲ႔ တရားဝင္ ထိမ္းျမားလက္ထပ္လိုက္ၿပီျဖစ္တဲ့ အဆိုေတာ္ အိမ့္ခ်စ္

အိမ့္ခ်စ္ကေတာ့ ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီး အဆိုေတာ္ေတြထဲကတစ္ေယာက္ျဖစ္သလို ဂီတအႏုပညာရွင္မ်ိဳးဆက္တစ္ေယာက္လည္း ျဖစ္ပါတယ္။

ဖခင္ျဖစ္သူ ခ်စ္ေကာင္းလိုပဲ ပရိသတ္အခ်စ္ေတြရရွိထားကာ ထူးခြၽန္တဲ့အႏုပညာအရည္အခ်င္းေတြေၾကာင့္ ေအာင္ျမင္ေနသူပါ။ ဒီကေန႔မွာေတာ့ အိမ့္ခ်စ္က

“ေမတၱာတရားေတြလႊမ္းျခဳံၿပီး ဒီေန႔ ၆.၆.၂၀၂၀ မွာ အိမ့္ခ်စ္တို့ ခ်စ္သူႏွစ္ဦး ႏွစ္ဖက္မိဘမ်ားနဲ႔ ရန္ကုန္ေျမာက္ပိုင္းခရိုင္တရားသူႀကီးေရွ႕ေမွာက္မွာ မဂၤလာ

ေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကပါၿပီ ဘဝကိုခက္ခက္ခဲခဲပင္ပင္ပန္းပန္းျဖတ္သန္းလာၿပီး လွမ္းၾကည့္လိုက္တိုင္းမွာအေမပဲရွိခဲ့တာ မျပည့္စုံတဲ့မိန္းမ

တစ္ေယာက္ရဲ့ေန႔ရက္ေတြက ခါးသီးလြန္းခဲ့တယ္ ခက္ခဲတဲ့အခ်ိန္ေတြျဖတ္ေက်ာ္ရတိုင္းပင္ပန္းတဲ့ အခ်ိန္ေတြရင္ဆိုင္ရတိုင္းမွာ မွီစရာပခုံးေလးတစ္ခု

နားခိုစရာရင္ခြင္ေလးတစ္ခု လိုခ်င္ခဲ့တာ ဒီေန႔မွာေတာ့ လိုခ်င္ခဲ့တဲ့ပခုံးေလးတစ္ခု ကမ္းလင့္တဲ့လက္ေလးတစ္စုံကို ပိုင္ဆိုင္ခြင့္ရခဲ့ၿပီ ေမလတုန္းက

ေစ့စပ္ပြဲေလးကိုေတာ့ဖ်က္လိုက္ရေပမယ့္ ရည္ရြယ္ထား စီစဥ္ထားတဲ့အတိုင္း ဒီေန႔မွာလက္မွတ္ေရးထိုးခဲ့ၾကပါၿပီ မဂၤလာဧည့္ခံပြဲကေတာ့ ကပ္ေရာဂါႀကီး

ၿပီးဆုံးသြားတဲ့အခ်ိန္အားလုံးေအးခ်မ္းသြားတဲ့အခ်ိန္မွပဲ က်င္းပပါမယ္ရွင့္။ အိမ့္ခ်စ္ကိုခ်စ္သလို အိမ့္ခ်စ္ရဲ့ လက္တြဲေဖာ္ကိုလဲ ခ်စ္ေပးၾကပါလို့’ ဆိုၿပီး သူမရဲ႕

လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ သူမတို႔ ခ်စ္သူႏွစ္ဦး မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို မ်ွေဝလာတာပဲျဖစ္ပါတယ္။

အဆိုေတာ္ အိမ့္ခ်စ္တို့ မလၤာရက္ျမတ္မွသည္ အိုေအာင္မင္းေအာင္ေပါင္းသင္းနိုင္ၾကပါေစလို့ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ဗ်။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

အိမ့်ချစ်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး အဆိုတော်တွေထဲကတစ်ယောက်ဖြစ်သလို ဂီတအနုပညာရှင်မျိုးဆက်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ချစ်ကောင်းလိုပဲ ပရိသတ်အချစ်တွေရရှိထားကာ ထူးချွန်တဲ့အနုပညာအရည်အချင်းတွေကြောင့် အောင်မြင်နေသူပါ။ ဒီကနေ့မှာတော့ အိမ့်ချစ်က

“မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာ အိမ့်ချစ်တို့ ချစ်သူနှစ်ဦး နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာ

မော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမ

တစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု

နားခိုစရာရင်ခွင်လေးတစ်ခု လိုချင်ခဲ့တာ ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ မေလတုန်းက

စေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထား စီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီး

ပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့်။ အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့ လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါလို့’ ဆိုပြီး သူမရဲ့

လူမှုကွန်ရက်စာမျက်နှာထက်မှာ သူမတို့ ချစ်သူနှစ်ဦး မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေလာတာပဲဖြစ်ပါတယ်။

အဆိုတော် အိမ့်ချစ်တို့ မင်္လာရက်မြတ်မှသည် အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။ ခရက်ဒစ်