သမီးငယ်လေးအတွက် အနှစ်သက်ဆုံးဖြစ်စေမယ့် မွေးနေ့အကြိုလက်ဆောင်ပေးလိုက်တဲ့ စမိုင်းလ်ရဲ့ ခင်ပွန်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူ သရုပ်ဆောင် စမိုင်းလ်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသာဖြစ်မယ် ထင်ပါတယ်နော်။ စမိုင်းလ်တို့ လင်မယားစုံတွဲလေးကတော့
ချမ်းသာတဲ့အချိန်တွေ မရှိခင်က ရုန်းကန်ခဲ့တဲ့ အတိတ်တွေကို အတူတူ ဖြတ်သန်းခဲ့ပြီး အခုချိန်မှာတော့ ရှာနိုင်သမျှ အရာအားလုံးကို ချစ်တဲ့သူတွေအတွက်နဲ့ အများအကျိုးအတွက် တတ်နိုင်သမျှ
လှူဒါန်းမှုတွေကို ပြုလုပ်ကြတဲ့ သူတွေပဲဖြစ်ပါတယ်.။ တတ်နိုင်တဲ့ ဘက်ကနေ သာသနာပိုင်းဆိုင်ရာဖြစ်ဖြစ်၊ ကျန်းမာရေးပိုင်းဆိုင်ရာမှာဖြစ်ဖြစ် အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ လူတွေအတွက် သူမတို့
တတ်နိုင်သမျှ အကောင်းဆုံးတွေကို ပေးကမ်းလှူဒါန်း လုပ်ဆောင်တတ်သူတွေပဲဖြစ်ပါတယ်။ အမြဲတမ်း ပွင့်လင်းစွာ ပြောဆိုတတ်ပြီး လူတိုင်းအပေါ် စေတနာ သဒ္ဓါတရားထက်သန်တဲ့ စမိုင်းလ်တို့
တစ်မိသားစုလုံးကိုတော့ မြန်မာပြည်ရဲ့ ပရိသတ်တိုင်းက ချစ်ခင် အားပေးကြတယ်လို့ ပြောရင်မှားမယ် မထင်ပါဘူးနော်။ အမြဲတမ်း မိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိပြီး ချစ်စရာကောင်းတဲ့
သမီးလေး နှစ်ယောက်ကိုလည်း သူငယ်ချင်းလို ချစ်ခင်မှုတွေ၊ သားသမီးအပေါ် ထားတဲ့ မိဘမေတ္တာတရားတွေနဲ့ တတ်သင့်တတ်ထိုက်တဲ့ အတတ်ပညာမှန်သမျှကို သင်ကြားပေးတတ်ကြပါ
သေးတယ်။ ဇွန်လ (၅)ရက်နေ့မှာတော့ စမိုင်းလ်က ခင်ပွန်းဖြစ်သူရဲ့ သမီးငယ်လေးအတွက် မွေးနေ့အကြိုလက်ဆောင် ပေးဖြစ်တဲ့ ပုံလေးတွေကို “Gamer ဖြစ်ချင်တဲ့သမီးလေးအတွက် သူ့အဖေ
ကိုယ်တိုင် သမီးပုံလေးကို သေချာအပ်ပြီး ဒီဇိုင်းဆွဲပေးထားတာလေးနဲ့ သမီးလေးအတွက် မွေးနေ့အကြိုလက်ဆောင်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ် Gamer
ဖြစ်ချင်တဲ့ သမီးငယ်လေးရဲ့ဆန္ဒတွေကို အလေးထားပြီး အနှစ်သက်ဆုံးအရာလေးနဲ့ မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူကတော့ သမီးတွေအပေါ် ထားတဲ့ မေတ္တာတရားတွေကို
မြင်နိုင်ပါတယ်နော် ပရိသတ်ကြီးအတွက်လည်း ဖခင်ဖြစ်သူရဲ့ မွေးနေ့ အကြိုလက်ဆောင်ကြောင့် ပျော်ရွှင်နေတဲ့ စမိုင်းလ်ရဲ့ သမီးငယ်လေး ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်