လိုအပ္ေနတဲ့ ေဆးဝါးတစ္ခ်ိဳ႕နဲ႔ PPE ဝတ္စုံေတြ လႉဒါန္းခဲ့တဲ့အေၾကာင္း မွ်ေဝလာတဲ့ “နီနီခင္ေဇာ္”

“ဒီေန႔ Sing with me live programme( Tay) နဲ႔အတူတူ လွည္းကူး ျပည္သူ႔ေဆး႐ုံနဲ႔ လွည္းကူးၿမိဳ႕မွာထားရွိတဲ့ Quarantine Center ေတြမွာ လိုအပ္တဲ့ PPE , Surgical gown ေတြနဲ႔

ေဆးဝါးတစ္ခ်ိဳ႕ကို လႉဒါန္းခဲ့ပါတယ္ရွင့္။ please be safe , healthy and happy” ဆိုၿပီးေတာ့ ဇြန္လ ၄ ရက္ေန႔ ညေနပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ဒီအလႉကေတာ့ Stay @ Home and Sing with me အစီအစဥ္ကေန ရရွိလာတဲ့

အႏုပညာေၾကးေတြထဲက လႉဒါန္းသြားမွာျဖစ္တယ္လို႔ ေမလ (၂၅) ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးခဲ့တာျဖစ္ပါတယ္။ နီနီခင္ေဇာ္ဟာ သူမကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြ အေနနဲ႔ Stay Home ကာလမွာ

အပ်င္းေျပဖို႔အတြက္ အြန္လိုင္းကေနတဆင့္ ဂီတေဖ်ာ္ေျဖပြဲေလးတစ္ခု လုပ္ေနတာ ေတြ႕ရပါတယ္။ ေမလ(၂၄) ရက္ေန႔က စလို႔ အပတ္စဥ္ တနဂၤေႏြေန႔တိုင္း (၄) ပတ္တိတိ ျပဳလုပ္ေနတာ ျဖစ္လို႔ ဇြန္လ (၇) ရက္ေန႔မွာလည္း

Premiere Live အေနနဲ႔ထပ္မံ တင္ဆက္သြားမယ္လို႔ သိရပါတယ္။ နီနီခင္ေဇာ္ဟာ သီခ်င္းေပါင္းမ်ားစြာနဲ႔ ေအာင္ျမင္ခဲ့တဲ့အဆိုေတာ္ တစ္ဦးျဖစ္သလို ‘’ဂယ္ဘဲ ဂယ္ဘဲ’’၊ ‘’Super Red’’၊ ‘’U’’ စတဲ့ အေခြေတြ ထြက္ရွိၿပီးခဲ့သလို

ေအာင္ျမင္မႈေတြလည္း ရရွိပိုင္ဆိုင္ထားတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ နီနီခင္ေဇာ္က Melody World သီခ်င္းဆို ၿပိဳင္ပြဲကေန စၿပီး ဂီတေလာကထဲကိုဝင္ေရာက္လာ တာျဖစ္ပါတယ္။

လက္ရွိမွာလည္း Single Song ေတြ အျပင္ Group Song ေတြကိုပါ သီဆို ေဖ်ာ္ေျဖေနတာ ေတြ႕ရပါတယ္။ သူမကေတာ့ ပရိသတ္ အားေပးမႈ မ်ားစြာကို ပိုင္ဆိုင္ထားတဲ့အဆိုေတာ္တစ္ ေယာက္ျဖစ္လို႔ေနပါၿပီ။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဒီနေ့ Sing with me live programme( Tay) နဲ့အတူတူ လှည်းကူး ပြည်သူ့ဆေးရုံနဲ့ လှည်းကူးမြို့မှာထားရှိတဲ့ Quarantine Center တွေမှာ လိုအပ်တဲ့ PPE , Surgical gown တွေနဲ့

ဆေးဝါးတစ်ချို့ကို လှူဒါန်းခဲ့ပါတယ်ရှင့်။ please be safe , healthy and happy” ဆိုပြီးတော့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီအလှူကတော့ Stay @ Home and Sing with me အစီအစဉ်ကနေ ရရှိလာတဲ့

အနုပညာကြေးတွေထဲက လှူဒါန်းသွားမှာဖြစ်တယ်လို့ မေလ (၂၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးခဲ့တာဖြစ်ပါတယ်။ နီနီခင်ဇော်ဟာ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ အနေနဲ့ Stay Home ကာလမှာ

အပျင်းပြေဖို့အတွက် အွန်လိုင်းကနေတဆင့် ဂီတဖျော်ဖြေပွဲလေးတစ်ခု လုပ်နေတာ တွေ့ရပါတယ်။ မေလ(၂၄) ရက်နေ့က စလို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (၄) ပတ်တိတိ ပြုလုပ်နေတာ ဖြစ်လို့ ဇွန်လ (၇) ရက်နေ့မှာလည်း

Premiere Live အနေနဲ့ထပ်မံ တင်ဆက်သွားမယ်လို့ သိရပါတယ်။ နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို

အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။

လက်ရှိမှာလည်း Single Song တွေ အပြင် Group Song တွေကိုပါ သီဆို ဖျော်ဖြေနေတာ တွေ့ရပါတယ်။ သူမကတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ခရက်ဒစ်