အတူတူစားနေသလိုခံစားရစေဖို့ ခင်ပွန်းရဲ့နေ့လည်စာကို တစ်လုတ်စာကိုက်ပြီးမှ ထည့်ပေးတတ်တဲ့ အမျိုးသမီး
ယူနီကုဒ်ဖြင့် ဖတ်ရန်
အမေရိကန်နိုင်ငံ Texas ပြည်နယ်ရှိ Tracy Howell အမည်ရှိအမျိုးသမီးတစ်ဦးဟာ Clifford အမည်ရှိသူမရဲ့ခင်ပွန်းရဲ့နေ့လည်စာကို တစ်လုတ်စာကိုက်ပြီးမှ ထုတ်ပေးခဲ့ပါတယ်။သူမရဲ့Facebook စာမျက်နှာပေါ်မှာ “Clifford နှင့်ကျွန်မက လက်ထပ်ပြီး ၄၁ နှစ်နီးပါးရှိပြီး
သူ့ရဲ့နေ့လည်စာကိုနေ့တစ်နေ့ မှစတင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်တယ် “လို့ သူမရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်အကြောင်းကို ပြောပြခဲ့ပါတယ်။တစ်ခါတစ်ရံ သူမဟာ ခင်ပွန်းရဲ့အလုပ်ခွင်သို့သွားပြီး နေ့လည်စာအတူတူစားလေ့ရှိပြီး ချစ်တဲ့သူနှင့် ဝေမျှစားတဲ့နေ့လည်စာက အရသာပိုကောင်းတယ်လို့
ခင်ပွန်းကလည်း မှတ်ချက်ပေးခဲ့တာကြောင့် Tracy ဟာ နေ့တိုင်း Clifford ရဲ့နေ့လည်စာကို တစ်လုတ်စာကိုက်ယူတဲ့ စိတ်ကူးစိတ်သန်းတစ်ခု ရသွားခဲ့ပါတယ်။ တစ်နေ့မှာ အသားညှပ်ပေါင်မုန့်လုပ်ပေးနေတုန်း Tracy ဟာ ပေါင်မုန့်ကိုမထုတ်ခင် တစ်ကိုက်စာကိုက်ယူခဲ့ပြီး
Clifford အိမ်ပြန်ရောက်တော့ တစ်စုံတစ်ယောက်က အသားညှပ်ပေါင်မုန့်ကို ကိုက်စားထားတယ်လို့ ထင်မြင်နေခဲ့ပြီး Tracy က သူတို့နှစ်ဦး နေ့လည်စာအတူတူစားလို့မရတဲ့အတွက်ကြောင့်
ပျော်ရွှင်တဲ့နှစ်ပတ်လည်နေ့ဖြစ်နေမယ်ဆိုတာ ငါတွေ့နိုင်တယ်” စတဲ့ မှတ်ချက်ပေါင်းများစွာပေးခဲ့ကြပါတယ်။အချစ်မှာ အသေးအမွှားက အစ ဂရုစိုက်ပြီး ရိုတတ်ရင် နှစ်ဦးကြားဆက်ဆံရေးကို ခိုင်မြဲနေစေတတ်ပါတယ်။
အနေဝေးတဲ့ချစ်သူတွေလည်း အတူတူစားနေရသလို ခံစားချင်ရင်တော့ အခုလို့ တစ်ကိုက်စာကိုက်ပြီး delivery နဲ့ လှမ်းပို့ပေးလိုက်လို့ရတာပေါ့ဗျာ။ခရက်ဒစ်