ကျွန်မ ချစ်သူအကြောင်း….

ချစ်သူတဲ့ … ကျွန်မ အချစ်တွေကို မျက်ကွယ်ပြုထားပြီး ကျွန်မကို ဂရုမစိုက် ပစ်ထားတတ်တဲ့ သူပေါ့ ။

ချစ်သူဆိုတာ တစ်ခါတစ်လေကျတော့ အမည်ခံသက်သက်လိုပါပဲ ကိုယ်ဘက်ကချည်း ချစ်နေရသလို ဒါမှမဟုတ် ကိုယ်ကပဲ လိုက်တွယ်ကပ်နေမိသလို ။

ကျွန်မထက် တစ်ခြားသူတွေကို ပိုပြီး အရေးပေးတတ်သလို အရာရာဟာ ကျွန်မထက် ပိုပြီး အရေးပါတယ်လို့ တွေးတတ်တဲ့သူပေါ့ ။ သူအချိန် သူစောင့်နေမလားဆိုတဲ့အတွေးတွေ မရှိတတ်သလို ဒီအချိန် သူမျှော်နေမလားဆိုပြီး ဘယ်တုန်းကမှ မစာနာခဲ့ဘူးလေ ။

ကျွန်မကို ပျော်စေတာထက် ကျွန်မကို ငိုစေခဲ့တဲ့ ရက်တွေ ပိုပြီးများခဲ့ပါတယ် ။ တမင်သက်သက်ပဲ ဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် ကိုယ်အတန်တန်တားထားတဲ့အမှားတွေကိုမှ ခဏခဏလုပ်တတ်တဲ့သူပေါ့ ။ မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေ အိပ်ပျော်သွားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေပေါင်းများစွာနောက်မှာ ကျွန်မကို ပစ်ထားစရာ အကြောင်းပြချက်တွေ အများကြီးရှိတယ် ။

ကိုယ်ဖြစ်ချင်တဲ့အရာတွေဆိုတာ သူ့အတွက်တော့ သာမညပါ သူ့အတွက်သူသာ အဓိကဆိုတဲ့အရာကြီးကိုလဲ ကျွန်မ တဖြေးဖြေးချင်း သိလာခဲ့ရတယ် ။ အဲ့ထက် ပိုဆိုးတာက ကျွန်မရှေ့က ကာကွယ်ပေးဖို့ နေနေသာသာ သူကိုယ်တိုင်က ကိုယ့်ကို အပြစ်တင်ပုံချနေတာတွေဟာ တစ်ခါတစ်ခါ ခံစားလို့မရခဲ့ဘူး ။

ဒီစာကို ဖတ်ရင်း တစ်စုံတစ်ယောက်ကို ပြေးမြင်ခဲ့ရင်တော့ ညီမလေးလဲ အမ လို သိပ်ကို နာကျင်နေရမှာနော် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Zawgyi

ခ်စ္သူတဲ့ ကြၽန္မ အခ်စ္ေတြကို မ်က္ကြယ္ျပဳထားၿပီး ကြၽန္မကို ဂ႐ုမစိုက္ ပစ္ထားတတ္တဲ့ သူေပါ့ ။

ခ်စ္သူဆိုတာ တစ္ခါတစ္ေလက်ေတာ့ အမည္ခံသက္သက္လိုပါပဲ ကိုယ္ဘက္ကခ်ည္း ခ်စ္ေနရသလို ဒါမွမဟုတ္ ကိုယ္ကပဲ လိုက္တြယ္ကပ္ေနမိသလို ။

ကြၽန္မထက္ တစ္ျခားသူေတြကို ပိုၿပီး အေရးေပးတတ္သလို အရာရာဟာ ကြၽန္မထက္ ပိုၿပီး အေရးပါတယ္လို႔ ေတြးတတ္တဲ့သူေပါ့ ။ သူအခ်ိန္ သူေစာင့္ေနမလားဆိုတဲ့အေတြးေတြ မရွိတတ္သလို ဒီအခ်ိန္ သူေမွ်ာ္ေနမလားဆိုၿပီး ဘယ္တုန္းကမွ မစာနာခဲ့ဘူးေလ ။

ကြၽန္မကို ေပ်ာ္ေစတာထက္ ကြၽန္မကို ငိုေစခဲ့တဲ့ ရက္ေတြ ပိုၿပီးမ်ားခဲ့ပါတယ္ ။ တမင္သက္သက္ပဲ ျဖစ္ျဖစ္ မေတာ္တဆပဲျဖစ္ျဖစ္ ကိုယ္အတန္တန္တားထားတဲ့အမွားေတြကိုမွ ခဏခဏလုပ္တတ္တဲ့သူေပါ့ ။ မအားလို႔ပါဆိုတဲ့ အေၾကာင္းျပခ်က္ေတြ အိပ္ေပ်ာ္သြားလို႔ပါဆိုတဲ့ အေၾကာင္းျပခ်က္ေတြေပါင္းမ်ားစြာေနာက္မွာ ကြၽန္မကို ပစ္ထားစရာ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးရွိတယ္ ။

ကိုယ္ျဖစ္ခ်င္တဲ့အရာေတြဆိုတာ သူ႕အတြက္ေတာ့ သာမညပါ သူ႕အတြက္သူသာ အဓိကဆိုတဲ့အရာႀကီးကိုလဲ ကြၽန္မ တေျဖးေျဖးခ်င္း သိလာခဲ့ရတယ္ ။ အဲ့ထက္ ပိုဆိုးတာက ကြၽန္မေရွ႕က ကာကြယ္ေပးဖို႔ ေနေနသာသာ သူကိုယ္တိုင္က ကိုယ့္ကို အျပစ္တင္ပုံခ်ေနတာေတြဟာ တစ္ခါတစ္ခါ ခံစားလို႔မရခဲ့ဘူး ။

ဒီစာကို ဖတ္ရင္း တစ္စုံတစ္ေယာက္ကို ေျပးျမင္ခဲ့ရင္ေတာ့ ညီမေလးလဲ အမ လို သိပ္ကို နာက်င္ေနရမွာေနာ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း

Leave a Reply

Your email address will not be published. Required fields are marked *