ခလေးတွေ ကို ဖုန်းပေးကိုင်တဲ့ မိဘများ သတိပြုပါရန် (ရှယ်ထားပေးပါအုံး …..)

အသက်(၄)နှစ် အရွယ်ကောင်မလေးတစ်ယောက်ဟာဖုန်း အသုံးပြုတာများလွန်းတဲ့အတွက်အသက်ငယ်ငယ်မှာပဲမျက်လုံးခွဲစိတ်မှုခံယူခဲ့ရပါတယ်။ဒီသတင်းဟာကလေးကိုအလိုလိုက်ပြီးဖုန်းပေးကိုင်တဲ့မိဘတွေအတွက်သတိထားစရာပါ။ဖုန်းကထုတ်လွှတ်တဲ့အလင်းတန်းတွေဟာ–ကလေးရဲ့မျက်သားနုနုတွေကိုထိခိုက်မှုမြန်စေပါတယ်။လူကြီးတွေ ထက်ပိုပြီးထိခိုက်မှုမြန်စေတဲ့အတွက်၊ကလေးကိုချစ်ရင်ဖုန်းပေးမကိုင်ကြဖို့၊ဒီလိုပဲကွန်ပျူတာနဲ့Tablet တွေကိုလည်းပေး မသုံးသင့်ဘူးလို့အကြံပြုနေကြပါတယ်။ အခုကလေးမလေးကတော့လက်တွေ့သက်သေပါဘဲ။

ဒီအဖြစ်အပျက်ဟာထိုင်းနိုင်ငံမှာဖြစ်ခဲ့တာပါ။ကလေးမလေးရဲ့ ဖခင်Dachar Nuysticker Chuayduang ကဒီအကြောင်းကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။Dachar ရဲ့ပြောဆိုချက်အရသူတို့ဟာကလေး(၂)နှစ်အရွယ်ကတည်းက ဖုန်းပေးသုံးခဲ့တာပါတဲ့။ ဖုန်းပေးသုံးခြင်းအကြောင်း အရင်းကတော့သူဟာ အလုပ်များသူဖြစ်သည့် အလျှောက်ကလေးငြိမ်နေစေဖို့ရည်ရွယ်ပါတယ်။ဒီလိုနဲ့နောက်ထပ်တစ်နှစ်ကျော်လောက်အတွင်းမှာသမီးဖြစ်သူမှာအမြင်အာရုံနဲ့ပြဿနာတွေစလာပါတော့တယ်။နောက်တော့မျက်မှန်ဝတ်ပေးရပါတော့တယ်။


နောက်တော့မမြင်မစမ်းပုံစံဖြစ်လာလို့ ဒေါက်တာထံမှာပြသခဲ့ရာသမီးလေးမှာအမြင်အာရုံဆုံးရှုံးခြင်းသို့မဟုတ်Lazy Eyes ကိုခံစားနေရတယ်လို့ပြောပါတယ်။ဒီအခြေအနေကတော့ မျက်လုံးတွေဟာတစ်လုံးနဲ့တစ်လုံးတူညီတဲ့ အချိန်တစ်ခုတည်းမှာတူညီတဲ့အလုပ်ကို မလုပ်နိုင်တော့တာပါ။တစ်နည်းဆိုရရင် အမြင်အာရုံမှုန်ဝါးရုံသာမက၊မျက်လုံးစွေစောင်းသွားတဲ့ရောဂါကိုပါခံစားခဲ့ရတဲ့သဘောဖြစ်ပါတယ်။ပြီးခဲ့နှစ်အောက်တိုဘာ(၃၁)မှာခွဲစိတ်မှုခံယူခဲ့ရာ၊အခုဆိုသမီးလေးဟာနဂိုလိုပြန်ကောင်းနေပါပြီတဲ့။ဒါပေမယ့်ကလေးကိုဖုန်းပေးမသုံးတော့ဖို့ဒေါက်တာတွေကတားမြစ်ထားပါတယ်။

Credit:နေသူရိန်(D Nae Khit)

zawgyi

အသက်အသုံးပြု၄)နှစ် အရွယ်ကောင်မလေးတစ်ယောက်ဟာဖုန်း၄)နှစ် အရွယ်ကောင်မလေးတစ်ယောက်ဟာဖုန်း အသုံးပြုတာများလွန်းတဲ့အတွက်အသက်ငယ်ငယ်မှာပဲမျက်လုံးခွဲစိတ်မှုခံယူခဲ့ရပါတယ်။ဒီသတင်းဟာကလေးကိုအလိုလိုက်ပြီးဖုန်းပေးကိုင်တဲ့မိဘတွေအတွက်သတိထားစရာပါ။ဖုန်းကထုတ်လွှတ်တဲ့အလင်းတန်းတွေဟာ–ကလေးရဲ့မျက်သားနုနုတွေကိုထိခိုက်မှုမြန်စေပါတယ်။လူကြီးတွေ ထက်ပိုပြီးထိခိုက်မှုမြန်စေတဲ့အတွက်၊ကလေးကိုချစ်ရင်ဖုန်းပေးမကိုင်ကြဖို့၊ဒီလိုပဲကွန်ပျူတာနဲ့Tablet တွေကိုလည်းပေး မသုံးသင့်ဘူးလို့အကြံပြုနေကြပါတယ်။ အခုကလေးမလေးကတော့လက်တွေ့သက်သေပါဘဲ။

ဒီအဖြစ်အပျက်ဟာထိုင်းနိုင်ငံမှာဖြစ်ခဲ့တာပါ။ကလေးမလေးရဲ့ ဖခင်Dachar Nuysticker Chuayduang ကဒီအကြောင်းကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။Dachar ရဲ့ပြောဆိုချက်အရသူတို့ဟာကလေး(၂)နှစ်အရွယ်ကတည်းက ဖုန်းပေးသုံးခဲ့တာပါတဲ့။ ဖုန်းပေးသုံးခြင်းအကြောင်း အရင်းကတော့သူဟာ အလုပ်များသူဖြစ်သည့် အလျှောက်ကလေးငြိမ်နေစေဖို့ရည်ရွယ်ပါတယ်။ဒီလိုနဲ့နောက်ထပ်တစ်နှစ်ကျော်လောက်အတွင်းမှာသမီးဖြစ်သူမှာအမြင်အာရုံနဲ့ပြဿနာတွေစလာပါတော့တယ်။နောက်တော့မျက်မှန်ဝတ်ပေးရပါတော့တယ်။

နောက်တော့မမြင်မစမ်းပုံစံဖြစ်လာလို့ ဒေါက်တာထံမှာပြသခဲ့ရာသမီးလေးမှာအမြင်အာရုံဆုံးရှုံးခြင်းသို့မဟုတ်Lazy Eyes ကိုခံစားနေရတယ်လို့ပြောပါတယ်။ဒီအခြေအနေကတော့ မျက်လုံးတွေဟာတစ်လုံးနဲ့တစ်လုံးတူညီတဲ့ အချိန်တစ်ခုတည်းမှာတူညီတဲ့အလုပ်ကို မလုပ်နိုင်တော့တာပါ။တစ်နည်းဆိုရရင် အမြင်အာရုံမှုန်ဝါးရုံသာမက၊မျက်လုံးစွေစောင်းသွားတဲ့ရောဂါကိုပါခံစားခဲ့ရတဲ့သဘောဖြစ်ပါတယ်။ပြီးခဲ့နှစ်အောက်တိုဘာ(၃၁)မှာခွဲစိတ်မှုခံယူခဲ့ရာ၊အခုဆိုသမီးလေးဟာနဂိုလိုပြန်ကောင်းနေပါပြီတဲ့။ဒါပေမယ့်ကလေးကိုဖုန်းပေးမသုံးတော့ဖို့ဒေါက်တာတွေကတားမြစ်ထားပါတယ်။

Credit:နေသူရိန်(D Nae Khit)

Leave a Reply

Your email address will not be published. Required fields are marked *