အချိန်တန်တဲ့အခါ အရာအားလုံးဟာ နေသားတကျလေး ဖြစ်သွားလိမ့်မယ်တဲ့

… အဲ့လိုနေသားတကျလေးဖြစ်ဖို့ မျက်ရည်တွေ ဘယ်လောက်ရင်းရဦးမလဲ ဒါမှမဟုတ် နာနေတဲ့ရင်ကိုဖိပြီး ညတွေ ဘယ်လောက်ထိ ဖြတ်သန်းရဦးမလဲ တစ်စုံတစ်ယောက် သိခဲ့ရင် ဖြေခဲ့ပေးပါ ။

ရင်ကွဲနာဆိုတာ … အပြင်ပန်းကကြည့်ရင် လူကောင်းပကတိလိုပါပဲ စိတ်တွေတော့ ဟိုးအောက်ဆုံးထိ ကျနေတတ်တယ် ။ လမ်းတွေ လျှောက်ရင်း လမ်းတွေလဲ ပျောက်ရသလို ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိသလား ငိုနေမိသလား တစ်ခါတစ်လေ မသိ ဖြစ်ရတယ် ။

ကိုယ်မျှော်လင့်မိခဲ့လို့ ကိုယ်နာကျင်ခဲ့ရတာဆိုပေမယ့် ကိုယ့်ကို မျှော်လင့်ချက်ပေးခဲ့သူတွေမှာ ကောင်းကောင်းကြီး အပြစ်ရှိပါတယ် ။ ကွဲအက်သွားတဲ့နှလုံးသားကို အရင်လို နေသားတကျလေးဖြစ်သွားဖို့ အချိန်တွေ ဘယ်လောက်လိုအပ်သလဲ …

ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတစ်ယောက် အခုဆို အပြုံးတွေ အသက်မဲ့ခဲ့တာ အတော့်ကို ကြာခဲ့ပြီလေ ။ ဒဏ်ရာတွေ ပေးခဲ့သူက သူရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်ပေမယ့် ကိုယ်ကတော့ မျှော်နေတတ်တဲ့ အကျင့်လေးကို ခုထိ မဖျောက်နိုင်သေးဘူး ။ ပြီးတော့ အရင်လို မပျော်နိုင်သေးဘူး ။

နေသားတကျတဲ့ … ဒဏ်ရာတွေမှာ ကျင့်သားရသွားတယ်လို့ မရှိပါဘူး ။ အဲ့ဒီဒဏ်ရာတွေကြားမှာ နေသားကျအောင်နေပြီး ပျော်အောင် နေဖြစ်လာရုံပဲ ရှိတာပါ ခုထက်ထိတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် မထားဖြစ်ခဲ့သေးဘူး ။ တစ်နေ့ ကျရင်တော့ နေသားကျသွားမှာပါဆိုတဲ့ အတွေးနဲ့အတူ အရင်တုန်းက ကျွန်မကို ပြန်လိုချင်မိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *