Messages လေးတွေရဲ့တန်ဖိုး

ချစ်သူတွေကြားမှာဖြစ်စေ ” လင်မယားတွေကြားမှာဖြစ်စေကိုယ်ဘယ်ရောက်နေတယ်.. ဘာလုပ်နေတယ်ဆိုတဲ့..

massage လေးတစ်ကြောင်းက တစ်ဦးအပေါ်တစ်ဦးဘယ်လောက် အလေးနက်ထားတယ်ဆိုတာကို သိသာစေပါတယ် ။

တကယ်တော့လူတွေပြောနေကြတဲ့ ” ချစ်တယ် ” ဆိုတဲ့စကားဟာ လူတစ်ဦးနဲ့တစ်ဦးပိုပြီးနီးစပ်စေတာကလွဲပြီးရင်ဘတ်ထဲကိုတော့ မထိရောက်စေပါဘူး ။ချစ်တယ် ဆိုတဲ့စကားကို ကြိုက်သလောက်ပြောပါစေသူငါ့ အပေါ်တကယ်ချစ်ပါလား ” သူ ငါ့ကိုတကယ်ချစ်တာပါ ”

ဆိုတဲ့ အသိကလွဲပြီး ကိုယ့်အပေါ် ဂရုတစိုက်နဲ့အလေးအနက်ထားတဲ့ အပြုမူလိုတော့ ရင်ဘတ်ထဲမှာ မလေးနက်တာတော့အမှန်ပါ ။ဂရုစိုက်ခြင်း ‘ ကြင်နာယုယခြင်း ‘ နွေးထွေးတဲ့မေတ္တာတရားစသဖြင့် အကြောင်းတရားတွေဟာ ” အချစ် ” ဆိုတဲ့ပေါင်းကူးတံတားက စတင်ခဲ့တာမှန်ပါတယ် ။

ဒါပေမဲ့ တချို့တွေက အချစ်ဆိုတဲ့ ပေါင်းကူးတံတာကိုတော့ကျော်လွှားခဲ့ပါရဲ့ တဖက်ကမ်းလည်းရောက်ရော ရှေ့ဆက်မသွားတော့ဘူး ရပ်တန့်နေခဲ့တယ် ။ကိုယ့်ရဲ့ အဖော်မွန်ကို ဘယ်လို ဂရုစိုက်ပေးရမလည်း !ဘယ်လိုထိန်းသိမ်းရမလည်း ! သူ့ဖက်က ကိုယ့်အပေါ်ဘယ်လိုနေစေချင်လည်း တစ်ခုမှ မလုပ်တော့ဘူး သိဖို့လည်း မကြိုးစားကြတော့ဘူး ။

ငါ သူ့အပေါ်သစ္စာရှိနေတာပဲ ငါ့ အချစ်တွေကို အားလုံးပေးထားတာပဲ ဒီလောက်ဆို ပြည့်စုံပြီလို့ ခံယူထားကြပါတယ် ။ဒါဟာ လုံးဝ လွဲမှားတဲ့အယူဆပဲ ဖြစ်ပါတယ် ။

လူတစ်ယောက်ကို ကိုယ့်ရဲ့ထာဝရအဖော်မွန်အဖြစ်ရွေးချယ်ထားပြီးသားဆို ဖာသိဖာသာ လုပ်ရပ်မျိုးရှောင်ကျဉ်ပါ ။ကိုယ့်ဖက်က ဘယ်လိုအကြောင်းပဲရှိရှိကိုယ့်လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ . – ကိုယ်ဘယ်လို အခက်ခဲဖြစ်နေတယ်ဆိုတာယုံကြည်စွာနဲ့ တိုင်ပင်ပါ .ကိုယ့်ဖက်က သူ့အပေါ် အချစ်ပိုတယ်ဆိုပြီးအရင်လို နေမြဲအတိုင်း နေတဲ့ အကျင့်ကိုပြုပြင်ပါ .

ကိုယ်ဘယ်ရောက်နေတယ်ဆိုတာကိုလှမ်ပြီး အသိပေးတဲ့ အကျင့်လုပ်ပါ ။မိမိအရင် တစ်ကိုယ်ထဲဘဝကလို နေမြဲအတိုင်းနေမိလို့မရတော့ပါဘူး ။

ကိုယ့်ဘေးက အဖော်မွန်အတွက် ထည့်စဉ်းစားပေးရပါမယ် ။အရင်းနှီးဆုံးလူဖြစ်သွားရင် ” ချစ်တယ် ” ဆိုတဲ့စကားကိုထပ်ခါပြောနေမဲ့အစား ဂရုတစိုက်နဲ့ အလေးနက်ရှိကြောင်းသာ ပြပါ ။မိမိချစ်သူအပေါ် ဂရုတစိုက်နဲ့အလေးနက်ထားရမယ်ဆိုတာတစ်ဘဝစာရွေးချယ်ထားတဲ့သူတိုင်း အကြွင်းမဲ့ လိုက်နာသင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ် ။

တစ်ဦးနဲ့တစ်ဦး အချစ်က စတင်လာပြီး မေတ္တာတွေ အပြန်အလှန်ထားမိလာမယ် ! နွေးထွေးကြင်နာတဲ့ဆက်ဆံရေးတွေ တည်ဆောက်မယ် ! အပြန်အလှန်နားလည်မှုနဲ့တစ်ယောက်အပေါ်တစ်ဦးက အလေးနက်ထား ဖို့ပဲလိုအပ်တော့တာပါ ။အချစ်ဆိုတဲ့စကားထက်လေးနက်စေတဲ့ အခြေအနေကိုရယူကြဖို့ပဲ လိုအပ်တော့တယ်လို့မြင်ပါတယ် ။

ဥပမာ – မိမိဘယ်လောက်အလုပ်ရှုပ်နေပါစေ messageလေးတစ်ကြောင်းနဲ့ အသိပေးဖို့ ဝန်မလေးပါနဲ့ ။အမှန်တကယ် အချစ်စစ်စစ်နဲ့ချစ်ကြပြီး တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက် သစ္စာရှိပါတယ် ပြောပြောတစ်ဘဝစာ လက်တွဲဖော်အဖြစ် ရွေးချယ်ထားသည် ဖြစ်စေ …တဖက်လူက လေးနက်တဲ့ ဆက်ဆံရေးပေးပြီး နားလည်မှုအပြည့်ရှိပေမဲ့ ကိုယ့်ဖက်က အချစ်အားလုံး ပေးထားတယ်

သူ့အချစ်အားလုံး ငါပိုင်ထားတယ် ဆိုတဲ့ စိတ်နဲ့ ဖာသိဖာသာနေတာများရင် လမ်းခွဲရဖို့က ရာခိုင်နှုန်းများသွားပါလိမ့်မယ်တဖက်က တွေးလာပါလိမ့်မယ် ” ငါ့အပေါ် ချစ်တော့ချစ်တယ်

အလေးအနက်ကျ မရှိပါလား ” ဆိုတဲ့အတွေးအဲ့ဒီအချိန် အချစ်ဆိုတဲ့အရာက ဘာမှအရေးမပါတော့ပါဘူးမှန်ပါတယ် ရင်ဘတ်ကိုရင်းထားရင် ရင်ဘတ်ကသိလာပြီး

ဦးနှောက်နဲ့ ဆုံးဖြတ်တတ်လာတာ သဘာဝပါ ……ဖြစ်ရတဲ့ အကြောင်းရင်းက တဖက်ကလေးနက်သလောက်တဖက်က အသိမှတ်မပြုရင် ပေါ့လျော့သွားတာ ထုံးစံပါ ။

ဒါကြောင့် ဟိုအရင်ခေတ်တွေတုန်းကလို စာတစ်တန်ပေတစ်တန် ခေတ်မဟုတ်တော့တဲ့ ယနေ့ခေတ်ကြီးမှာမိမိချစ်သူ / အိမ်ထောင်ဖက်တွေအပေါ် တန်ဖိုးထားမြတ်နိုးတယ်ဆို ……မိမိဘာလုပ်နေတယ် ‘ ဘယ်ရောက်နေတယ်သာကြောင်းမာကြောင်းလေးကို ဖုန်းဆက်ပြောဖို့

အခြေနေမပေးရင်တောင် message တစ်ကြောင်းလေးနဲ့အလေးနက်ထားကြောင်း ပြဖို့ ဝန်မလေး ကြပါနဲ့ ။

ကိုယ်ပို့လိုက်တဲ့ message လေးတစ်ကြောင်းဟာတဖက်လူအပေါ် ပိုပြီးလေးနက်လာစေနိုင်သလိုဝေးရမဲ့အကြောင်းအရာတွေကိုတောင် ချေဖျက်နိုင်ပါတယ် ။တဖက်လူရဲ့ မျက်ရည်ကိုတောင် message လေးတစ်ကြောင်းနဲ့သုပ်ပေးနိုင်စွမ်းရှိတယ် ဆိုတာလည်းမမေ့ပါနဲ့ ။

ချစ်သူတိုင်း အလေးနက်တန်ဖိုးထားတတ်ကြပါစေ ။MayNoe

Zawgiy

ခ်စ္သူေတြၾကားမွာျဖစ္ေစ လင္မယားေတြၾကားမွာျဖစ္ေစကိုယ္ဘယ္ေရာက္ေနတယ္.. ဘာလုပ္ေနတယ္ဆိုတဲ့..

massage ေလးတစ္ေၾကာင္းက တစ္ဦးအေပၚတစ္ဦးဘယ္ေလာက္ အေလးနက္ထားတယ္ဆိုတာကို သိသာေစပါတယ္ ။

တကယ္ေတာ့လူေတြေျပာေနၾကတဲ့ ခ်စ္တယ္ ဆိုတဲ့စကားဟာ လူတစ္ဦးနဲ႕တစ္ဦးပိုၿပီးနီးစပ္ေစတာကလြဲၿပီးရင္ဘတ္ထဲကိုေတာ့ မထိေရာက္ေစပါဘူး ။ခ်စ္တယ္ ဆိုတဲ့စကားကို ႀကိဳက္သေလာက္ေျပာပါေစသူငါ့ အေပၚတကယ္ခ်စ္ပါလား သူ ငါ့ကိုတကယ္ခ်စ္တာပါ

ဆိုတဲ့ အသိကလြဲၿပီး ကိုယ့္အေပၚ ဂ႐ုတစိုက္နဲ႕အေလးအနက္ထားတဲ့ အျပဳမူလိုေတာ့ ရင္ဘတ္ထဲမွာ မေလးနက္တာေတာ့အမွန္ပါ ။ဂ႐ုစိုက္ျခင္း ၾကင္နာယုယျခင္း ႏြေးေထြးတဲ့ေမတၱာတရားစသျဖင့္ အေၾကာင္းတရားေတြဟာ အခ်စ္ ဆိုတဲ့ေပါင္းကူးတံတားက စတင္ခဲ့တာမွန္ပါတယ္ ။

ဒါေပမဲ့ တခ်ိဳ႕ေတြက အခ်စ္ဆိုတဲ့ ေပါင္းကူးတံတာကိုေတာ့ေက်ာ္လႊားခဲ့ပါရဲ႕ တဖက္ကမ္းလည္းေရာက္ေရာ ေရွ႕ဆက္မသြားေတာ့ဘူး ရပ္တန့္ေနခဲ့တယ္ ။ကိုယ့္ရဲ႕ အေဖာ္မြန္ကို ဘယ္လို ဂ႐ုစိုက္ေပးရမလည္း !ဘယ္လိုထိန္းသိမ္းရမလည္း ! သူ႕ဖက္က ကိုယ့္အေပၚဘယ္လိုေနေစခ်င္လည္း တစ္ခုမွ မလုပ္ေတာ့ဘူး သိဖို႔လည္း မႀကိဳးစားၾကေတာ့ဘူး ။

ငါ သူ႕အေပၚသစၥာရွိေနတာပဲ ငါ့ အခ်စ္ေတြကို အားလုံးေပးထားတာပဲ ဒီေလာက္ဆို ျပည့္စုံၿပီလို႔ ခံယူထားၾကပါတယ္ ။ဒါဟာ လုံးဝ လြဲမွားတဲ့အယူဆပဲ ျဖစ္ပါတယ္ ။

လူတစ္ေယာက္ကို ကိုယ့္ရဲ႕ထာဝရအေဖာ္မြန္အျဖစ္ေ႐ြးခ်ယ္ထားၿပီးသားဆို ဖာသိဖာသာ လုပ္ရပ္မ်ိဳးေရွာင္က်ဥ္ပါ ။ကိုယ့္ဖက္က ဘယ္လိုအေၾကာင္းပဲရွိရွိကိုယ့္လက္တြဲေဖာ္ကို ပြင့္ပြင့္လင္းလင္းေျပာျပပါ . ကိုယ္ဘယ္လို အခက္ခဲျဖစ္ေနတယ္ဆိုတာယုံၾကည္စြာနဲ႕ တိုင္ပင္ပါ .ကိုယ့္ဖက္က သူ႕အေပၚ အခ်စ္ပိုတယ္ဆိုၿပီးအရင္လို ေနၿမဲအတိုင္း ေနတဲ့ အက်င့္ကိုျပဳျပင္ပါ .

ကိုယ္ဘယ္ေရာက္ေနတယ္ဆိုတာကိုလွမ္ၿပီး အသိေပးတဲ့ အက်င့္လုပ္ပါ ။မိမိအရင္ တစ္ကိုယ္ထဲဘဝကလို ေနၿမဲအတိုင္းေနမိလို႔မရေတာ့ပါဘူး ။

ကိုယ့္ေဘးက အေဖာ္မြန္အတြက္ ထည့္စဥ္းစားေပးရပါမယ္ ။အရင္းႏွီးဆုံးလူျဖစ္သြားရင္ ခ်စ္တယ္ ဆိုတဲ့စကားကိုထပ္ခါေျပာေနမဲ့အစား ဂ႐ုတစိုက္နဲ႕ အေလးနက္ရွိေၾကာင္းသာ ျပပါ ။မိမိခ်စ္သူအေပၚ ဂ႐ုတစိုက္နဲ႕အေလးနက္ထားရမယ္ဆိုတာတစ္ဘဝစာေ႐ြးခ်ယ္ထားတဲ့သူတိုင္း အႂကြင္းမဲ့ လိုက္နာသင့္တဲ့ လုပ္ရပ္ျဖစ္ပါတယ္ ။

တစ္ဦးနဲ႕တစ္ဦး အခ်စ္က စတင္လာၿပီး ေမတၱာေတြ အျပန္အလွန္ထားမိလာမယ္ ! ႏြေးေထြးၾကင္နာတဲ့ဆက္ဆံေရးေတြ တည္ေဆာက္မယ္ ! အျပန္အလွန္နားလည္မႈနဲ႕တစ္ေယာက္အေပၚတစ္ဦးက အေလးနက္ထား ဖို႔ပဲလိုအပ္ေတာ့တာပါ ။အခ်စ္ဆိုတဲ့စကားထက္ေလးနက္ေစတဲ့ အေျခအေနကိုရယူၾကဖို႔ပဲ လိုအပ္ေတာ့တယ္လို႔ျမင္ပါတယ္ ။

ဥပမာ မိမိဘယ္ေလာက္အလုပ္ရႈပ္ေနပါေစ messageေလးတစ္ေၾကာင္းနဲ႕ အသိေပးဖို႔ ဝန္မေလးပါနဲ႕ ။အမွန္တကယ္ အခ်စ္စစ္စစ္နဲ႕ခ်စ္ၾကၿပီး တစ္ေယာက္အေပၚတစ္ေယာက္ ဘယ္ေလာက္ သစၥာရွိပါတယ္ ေျပာေျပာတစ္ဘဝစာ လက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ထားသည္ ျဖစ္ေစ တဖက္လူက ေလးနက္တဲ့ ဆက္ဆံေရးေပးၿပီး နားလည္မႈအျပည့္ရွိေပမဲ့ ကိုယ့္ဖက္က အခ်စ္အားလုံး ေပးထားတယ္

သူ႕အခ်စ္အားလုံး ငါပိုင္ထားတယ္ ဆိုတဲ့ စိတ္နဲ႕ ဖာသိဖာသာေနတာမ်ားရင္ လမ္းခြဲရဖို႔က ရာခိုင္ႏႈန္းမ်ားသြားပါလိမ့္မယ္တဖက္က ေတြးလာပါလိမ့္မယ္ ငါ့အေပၚ ခ်စ္ေတာ့ခ်စ္တယ္

အေလးအနက္က် မရွိပါလား ဆိုတဲ့အေတြးအဲ့ဒီအခ်ိန္ အခ်စ္ဆိုတဲ့အရာက ဘာမွအေရးမပါေတာ့ပါဘူးမွန္ပါတယ္ ရင္ဘတ္ကိုရင္းထားရင္ ရင္ဘတ္ကသိလာၿပီး

ဦးႏွောက္နဲ႕ ဆုံးျဖတ္တတ္လာတာ သဘာဝပါ ျဖစ္ရတဲ့ အေၾကာင္းရင္းက တဖက္ကေလးနက္သေလာက္တဖက္က အသိမွတ္မျပဳရင္ ေပါ့ေလ်ာ့သြားတာ ထုံးစံပါ ။

ဒါေၾကာင့္ ဟိုအရင္ေခတ္ေတြတုန္းကလို စာတစ္တန္ေပတစ္တန္ ေခတ္မဟုတ္ေတာ့တဲ့ ယေန႕ေခတ္ႀကီးမွာမိမိခ်စ္သူ / အိမ္ေထာင္ဖက္ေတြအေပၚ တန္ဖိုးထားျမတ္နိုးတယ္ဆို မိမိဘာလုပ္ေနတယ္ ဘယ္ေရာက္ေနတယ္သာေၾကာင္းမာေၾကာင္းေလးကို ဖုန္းဆက္ေျပာဖို႔

အေျခေနမေပးရင္ေတာင္ message တစ္ေၾကာင္းေလးနဲ႕အေလးနက္ထားေၾကာင္း ျပဖို႔ ဝန္မေလး ၾကပါနဲ႕ ။

ကိုယ္ပို႔လိုက္တဲ့ message ေလးတစ္ေၾကာင္းဟာတဖက္လူအေပၚ ပိုၿပီးေလးနက္လာေစနိုင္သလိုေဝးရမဲ့အေၾကာင္းအရာေတြကိုေတာင္ ေခ်ဖ်က္နိုင္ပါတယ္ ။တဖက္လူရဲ႕ မ်က္ရည္ကိုေတာင္ message ေလးတစ္ေၾကာင္းနဲ႕သုပ္ေပးနိုင္စြမ္းရွိတယ္ ဆိုတာလည္းမေမ့ပါနဲ႕ ။

ခ်စ္သူတိုင္း အေလးနက္တန္ဖိုးထားတတ္ၾကပါေစ ။MayNoe

Leave a Reply

Your email address will not be published. Required fields are marked *