ဒီလမ်း ကိုယ်တစ်ယောက်တည်းလျှောက်လဲ ရောက်ပါတယ်

နောက်ကိုလှည့်လို့လဲ ထိုးခံထားရတဲ့ဒဏ်ရာ ဒဏ်ချက်တွေကြီးပဲ တွေ့တယ် အရှေ့ကိုကြည့်ပြန်တော့လဲ အနာဂတ်က ပန်းခင်းထားတဲ့လမ်း မဟုတ်ပဲ အဖုအထစ်တွေအရမ်းများတယ် ။ ဒါပေမယ့် ဒီလမ်းကိုယ်တစ်ယောက်တည်းလဲ ဆက်လျှောက်ရဲရမယ်လေ ။
ဖေးမမယ့်လူမရှိလို့ လဲကျတိုင်းမထတော့ဘူးဆိုရင် . . .ဒီတစ်သက်ပြန်ထဖြစ်တော့မှာမဟုတ်ဘူး ငယ်ငယ်တုန်းက လမ်းလျှောက်သင်ခဲ့တုန်းက အချိန်ကို သတိရပါ . . .လဲကျလို့သာ ပြန်မထခဲ့ဘူးဆိုရင် အခုချိန် သင် လမ်းလျှောက်တတ်နေမှာတောင် မဟုတ်ဘူး ပြီးရင် စက်ဘီးစီးသင်ခဲ့တုန်းကလဲ မှတ်မိသေးတယ် မစီးတတ် စီးတတ်တုန်းကလေ ဘရိတ်မထိန်းနိုင်လို့လဲကျသွားခဲ့တုန်းက လာပြီးထူမမယ်လို့ထင်ခဲ့တာ တကယ်တမ်းထွက်လာတာကျတော့ ဒူးပြဲပြီလားတဲ့ ဒါဆိုမကြာဘူး စီးတတ်တော့မှာတဲ့
အရင်ချိန်လေးတွေပြန်တွေးကြည့်ပါ . . .အခုမှ လဲကျလိုက် ပြန်ထလိုက်ဖြစ်နေခဲ့တာမဟုတ်ဘူး မွေးကတည်းက ကျွန်မတို့တွေ လဲကျလိုက် ပြန်ထလိုက်နဲ့ ရုန်းကန်ခဲ့ဖူးတာပါ ။ ဒါပေမယ့် အဲ့ဒီတုန်းက ငါ လမ်းလျှောက်တတ်ချင်တဲ့ဆိုတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တယ် ဖြစ်ပါ့မလား ဖြစ်နိုင်ပါမလားဆိုပြီး မတွေးခဲ့ဘူး စက်ဘီးစီးတတ်ချင်စိတ်ပဲရှိခဲ့တာ အနာတရ ဖြစ်မှာကို စိတ်မပူခဲ့ဘူး
အခု နည်းနည်းလေး အသက်အရွယ်ရလာတော့တစ်ခုခုလုပ်တော့မယ်ဆိုရင် ဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့ အရင်ကြည့်လာတတ်ကြတာပါ ဆန္ဒတွေ အရင်ကလောက်မပြင်းပြတော့ဘူး ။ မစရသေးတယ် အလုပ်တစ်ခုကို ဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့ ကြည့်နေသမျှ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ငါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ အရင်ဆုံး လုပ်ကြည့်ပါ . ကံဆိုတာ နောက်မှ အလုပ်က အရင်ဆုံးလုပ်ရတယ် ။
ဘေးဘီဝဲယာကိုကြည့်ပြီး ငါတစ်ယောက်တည်းပါလားဆိုပြီး အားငယ်တတ်တာလဲ ကိုယ့်ကိုကိုယ် မယုံကြည်ခြင်းတစ်မျိုးပဲ ငါ့အတွက် ငါရှိတယ် ဆိုတဲ့စိတ်နဲ့ တစ်ယောက်တည်းလဲ ဆက်လျှောက်ရဲတဲ့ သတ္တိတွေ လိုပါတယ် ။ ဘဝမှာ မွေးလာကတည်းက တစ်ယောက်တည်း ဖြစ်ခဲ့သလို နောက်ဆုံးကျတော့လဲ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်လာတာမျိုးလေ ။ ကိုယ့်ကိုကိုယ်သာ အားကိုးပါ ။ ဒီလမ်းကိုယ်တစ်ယောက်တည်းလျှောက်လဲ ရောက်ပါတယ် ။
မိန်းမသားတို့အတွက်

သျှင်ယွန်း

ေနာက္ကိုလွည့္လို႔လဲ ထိုးခံထားရတဲ့ဒဏ္ရာ ဒဏ္ခ်က္ေတြႀကီးပဲ ေတြ႕တယ္ အေရွ႕ကိုၾကည့္ျပန္ေတာ့လဲ အနာဂတ္က ပန္းခင္းထားတဲ့လမ္း မဟုတ္ပဲ အဖုအထစ္ေတြအရမ္းမ်ားတယ္ ။ ဒါေပမယ့္ ဒီလမ္းကိုယ္တစ္ေယာက္တည္းလဲ ဆက္ေလွ်ာက္ရဲရမယ္ေလ ။
ေဖးမမယ့္လူမရွိလို႔ လဲက်တိဳင္းမထေတာ့ဘူးဆိုရင္ . . .ဒီတစ္သက္ျပန္ထျဖစ္ေတာ့မွာမဟုတ္ဘူး ငယ္ငယ္တုန္းက လမ္းေလွ်ာက္သင္ခဲ့တုန္းက အခ်ိန္ကို သတိရပါ . . .လဲက်လိဳ႕သာ ျပန္မထခဲ့ဘူးဆိုရင္ အခုခ်ိန္ သင္ လမ္းေလွ်ာက္တတ္ေနမွာေတာင္ မဟုတ္ဘူး ၿပီးရင္ စက္ဘီးစီးသင္ခဲ့တုန္းကလဲ မွတ္မိေသးတယ္ မစီးတတ္ စီးတတ္တုန္းကေလ ဘရိတ္မထိန္းနိုင္လို႔လဲက်သြားခဲ့တုန္းက လာၿပီးထူမမယ္လို႔ထင္ခဲ့တာ တကယ္တမ္းထြက္လာတာက်ေတာ့ ဒူးၿပဲၿပီလားတဲ့ ဒါဆိုမၾကာဘူး စီးတတ္ေတာ့မွာတဲ့
အရင္ခ်ိန္ေလးေတြျပန္ေတြးၾကည့္ပါ . . .အခုမွ လဲက်လိဳက္ ျပန္ထလိုက္ျဖစ္ေနခဲ့တာမဟုတ္ဘူး ေမြးကတည္းက ကြၽန္မတို႔ေတြ လဲက်လိဳက္ ျပန္ထလိုက္နဲ႕ ႐ုန္းကန္ခဲ့ဖူးတာပါ ။ ဒါေပမယ့္ အဲ့ဒီတုန္းက ငါ လမ္းေလွ်ာက္တတ္ခ်င္တဲ့ဆိုတဲ့ စိတ္တစ္ခုပဲ ရွိခဲ့တယ္ ျဖစ္ပါ့မလား ျဖစ္နိုင္ပါမလားဆိုၿပီး မေတြးခဲ့ဘူး စက္ဘီးစီးတတ္ခ်င္စိတ္ပဲရွိခဲ့တာ အနာတရ ျဖစ္မွာကို စိတ္မပူခဲ့ဘူး
အခု နည္းနည္းေလး အသက္အ႐ြယ္ရလာေတာ့တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ျဖစ္ပါ့မလားဆိုတဲ့စိတ္နဲ႕ အရင္ၾကည့္လာတတ္ၾကတာပါ ဆႏၵေတြ အရင္ကေလာက္မျပင္းျပေတာ့ဘူး ။ မစရေသးတယ္ အလုပ္တစ္ခုကို ျဖစ္ပါ့မလားဆိုတဲ့စိတ္နဲ႕ ၾကည့္ေနသမွ် ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ဘူး ငါ ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ စိတ္နဲ႕ပဲ အရင္ဆုံး လုပ္ၾကည့္ပါ . ကံဆိုတာ ေနာက္မွ အလုပ္က အရင္ဆုံးလုပ္ရတယ္ ။
ေဘးဘီဝဲယာကိုၾကည့္ၿပီး ငါတစ္ေယာက္တည္းပါလားဆိုၿပီး အားငယ္တတ္တာလဲ ကိုယ့္ကိုကိုယ္ မယုံၾကည္ျခင္းတစ္မ်ိဳးပဲ ငါ့အတြက္ ငါရွိတယ္ ဆိုတဲ့စိတ္နဲ႕ တစ္ေယာက္တည္းလဲ ဆက္ေလွ်ာက္ရဲတဲ့ သတၱိေတြ လိုပါတယ္ ။ ဘဝမွာ ေမြးလာကတည္းက တစ္ေယာက္တည္း ျဖစ္ခဲ့သလို ေနာက္ဆုံးက်ေတာ့လဲ ကိုယ္တစ္ေယာက္တည္းပဲ ျဖစ္လာတာမ်ိဳးေလ ။ ကိုယ့္ကိုကိုယ္သာ အားကိုးပါ ။ ဒီလမ္းကိုယ္တစ္ေယာက္တည္းေလွ်ာက္လဲ ေရာက္ပါတယ္ ။
မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Leave a Reply

Your email address will not be published. Required fields are marked *