မငိုနဲ့ ညီမလေး … မတန်ဘူး မျက်ရည်တွေက စျေးကြီးတယ်

ကိုယ့်ကို အလေးထားတဲ့လူတွေအတွက် အချိန်ပေးရတယ်ဆိုတာ တန်ပါတယ်

ဒါပေမယ့် ကိုယ့်ကို တန်ဖိုးမထားတဲ့လူတွေအတွက် မျက်ရည်တွေ ကျနေရတာတော့ မတန်ဘူး ။ မငိုနဲ့ ညီမလေး မျက်ရည်တွေက စျေးကြီးတယ် ။

ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကြည့်နေလို့သာ အရာရာကို ရင်ဘတ်ထဲထည့်ပြီး အရာရာမှာ ကြေကွဲနေခဲ့မိတာ တကယ် ဦးဏှောက်နဲ့သာ တွေးတတ်ခဲ့ရင် … သူဆိုတာ ကိုယ့်အတွက် ဘာမှ မဟုတ်ဘူး နှလုံးသားကသာ သူဟာ အရာရာပါဆိုပြီး ဖြစ်နေတာပါ ။ တစ်ခါတစ်လေကျတော့ အဲ့ဒီအရာကကြီးက သိပ်ခက်တယ် ။

ဒီလို လူတစ်ယောက်အတွက်နဲ့ မှန်ပါတယ် ။ ကိုယ့်ကို အချိန်မှန်မှန်ပစ်ထားတတ်ပြီး ကိုယ့်ကို အချိန်မှန်မှန် နာကျင်စေတဲ့လူတစ်ယောက်အတွက် တကယ်သာ တွေးကြည့်ခဲ့ရင် ကျွန်မ ငိုနေရတဲ့ မျက်ရည်တွေဟာ တကယ်တော့ မတန်ပါဘူး …အဲ့ဒီအတွေးတွေဟာ တချို့တွေအတွက်တော့ အတွေးသက်သက်ပဲ ရှိတာပါ နှလုံးသားကို မတော်လှန်နိုင်ကြပါဘူး ။

မငိုပါနဲ့ … ညီမလေး ကိုယ်က အချစ်ကို မကိုးကွယ်ပါဘူးဆိုပေမယ့် တကယ်ချစ်မိတဲ့အခါ တချို့အရာတွေ မှားသွားတတ်တယ် ဥပမာ သူထွက်မသွားရင် ပြီးတော့ ဆိုတာမျိုး သူ့အနားရှိနေချင်တာပဲ သိတယ်ဆိုတာမျိုးတွေပေါ့ ။ အဲ့လိုမျိုးကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ပြန်ပြီး ချစ်တယ်ဆိုရင်တော့ ညီမလေးကျတဲ့မျက်ရည်တွေဟာ တန်ပါတယ် ။

ကိုယ့်ကို ဂရုမစိုက် အလေးမထားပဲ ပစ်ထားတဲ့ လူတစ်ယောက်အတွက်တော့ မငိုနဲ့ ညီမလေး … မတန်ဘူး ။ မျက်ရည်တွေက စျေးကြီးတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Zawgyi

ကိုယ့္ကို အေလးထားတဲ့လူေတြအတြက္ အခ်ိန္ေပးရတယ္ဆိုတာ တန္ပါတယ္

ဒါေပမယ့္ ကိုယ့္ကို တန္ဖိုးမထားတဲ့လူေတြအတြက္ မ်က္ရည္ေတြ က်ေနရတာေတာ့ မတန္ဘူး ။ မငိုနဲ႕ ညီမေလး မ်က္ရည္ေတြက ေစ်းႀကီးတယ္ ။

ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႕ ၾကည့္ေနလို႔သာ အရာရာကို ရင္ဘတ္ထဲထည့္ၿပီး အရာရာမွာ ေၾကကြဲေနခဲ့မိတာ တကယ္ ဦးေဏွာက္နဲ႕သာ ေတြးတတ္ခဲ့ရင္ သူဆိုတာ ကိုယ့္အတြက္ ဘာမွ မဟုတ္ဘူး ႏွလုံးသားကသာ သူဟာ အရာရာပါဆိုၿပီး ျဖစ္ေနတာပါ ။ တစ္ခါတစ္ေလက်ေတာ့ အဲ့ဒီအရာကႀကီးက သိပ္ခက္တယ္ ။

ဒီလို လူတစ္ေယာက္အတြက္နဲ႕ မွန္ပါတယ္ ။ ကိုယ့္ကို အခ်ိန္မွန္မွန္ပစ္ထားတတ္ၿပီး ကိုယ့္ကို အခ်ိန္မွန္မွန္ နာက်င္ေစတဲ့လူတစ္ေယာက္အတြက္ တကယ္သာ ေတြးၾကည့္ခဲ့ရင္ ကြၽန္မ ငိုေနရတဲ့ မ်က္ရည္ေတြဟာ တကယ္ေတာ့ မတန္ပါဘူး အဲ့ဒီအေတြးေတြဟာ တခ်ိဳ႕ေတြအတြက္ေတာ့ အေတြးသက္သက္ပဲ ရွိတာပါ ႏွလုံးသားကို မေတာ္လွန္နိုင္ၾကပါဘူး ။

မငိုပါနဲ႕ ညီမေလး ကိုယ္က အခ်စ္ကို မကိုးကြယ္ပါဘူးဆိုေပမယ့္ တကယ္ခ်စ္မိတဲ့အခါ တခ်ိဳ႕အရာေတြ မွားသြားတတ္တယ္ ဥပမာ သူထြက္မသြားရင္ ၿပီးေတာ့ ဆိုတာမ်ိဳး သူ႕အနားရွိေနခ်င္တာပဲ သိတယ္ဆိုတာမ်ိဳးေတြေပါ့ ။ အဲ့လိုမ်ိဳးကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို ျပန္ၿပီး ခ်စ္တယ္ဆိုရင္ေတာ့ ညီမေလးက်တဲ့မ်က္ရည္ေတြဟာ တန္ပါတယ္ ။

ကိုယ့္ကို ဂ႐ုမစိုက္ အေလးမထားပဲ ပစ္ထားတဲ့ လူတစ္ေယာက္အတြက္ေတာ့ မငိုနဲ႕ ညီမေလး မတန္ဘူး ။ မ်က္ရည္ေတြက ေစ်းႀကီးတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း

Leave a Reply

Your email address will not be published. Required fields are marked *