လာလမ်းအတိုင်း ပြန့်လှည့်သွားမယ့်အတူတူ ချစ်တယ်ဆိုတဲ့စကားကို အသွင်သွင် မသုံးခဲ့သင့်ဘူး

လာလမ်းအတိုင်း ပြန့်လှည့်သွားမယ့်အတူတူ ချစ်တယ်ဆိုတဲ့စကားကို အသွင်သွင် မသုံးခဲ့သင့်ဘူး

အချိန်တန်ရင် ထားခဲ့မှာပဲ မဟုတ်လား ဒါဆိုရင် ဘာဒဏ်ရာမှ မချန်ထားခဲ့သင့်ဘူးလေ ။ နောက်ဆိုရင် မိန်းကလေးတစ်ယောက်ကို တကယ် မချစ်နိုင်ပါပဲနဲ့ ချစ်တယ် ဆိုတဲ့ စကားတွေ မသုံးပါနဲ့ ။

အပျော်သဘောမျိုးနဲ့ ချစ်တယ်လို့ ပြောလိုက်တာဖြစ်ပေမယ့် တကယ် ချစ်မိသွားတဲ့ မိန်းကလေးမှာ နာကျင်ရတတ်တယ် ။ ဒီနေ့ ချစ်တယ်ပြောပြီးသွားရင် ကိုယ့်အတွက် ပြီးသွားပေမယ့် အဲ့ဒီချစ်တယ်ဆိုတဲ့ စကားတွေနောက်မှာ စိတ်ကူးယဥ်နေမိတဲ့ ​ကောင်မလေးကတော့ အခန့်မသင့်ရင် အချစ်ကို တစ်သက်စာ ကြောက်သွားတတ်ကြတယ်လေ ။

သံယောဇဥ်ဆိုတာ မတွယ်မိသူအတွက် ပြဿနာမရှိပေမယ့် တွယ်တာမိသူအတွက်ကတော့ ဖြတ်ရခက်တယ်လေ ။ ဒါကြောင့် ဧည့်သည်ဆိုရင်လဲ ဧည့်သည်လို နေပြီးပဲ အချိန်တန်အခါ ဘာဒဏ်ရာမှ မချန်ထားပဲ ပြန်သွားတာ ကောင်းပါတယ် ။

ဒီတစ်ခါပြန်သွားတဲ့အခါ ဒဏ်ရာတွေကိုလဲ ယူသွားပါ ပြီးတဲ့အခါ အလွမ်းတွေလဲ ချန်မထားပါနဲ့ ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

Zawgyi

အခ်ိန္တန္ရင္ ထားခဲ့မွာပဲ မဟုတ္လား ဒါဆိုရင္ ဘာဒဏ္ရာမွ မခ်န္ထားခဲ့သင့္ဘူးေလ ။ ေနာက္ဆိုရင္ မိန္းကေလးတစ္ေယာက္ကို တကယ္ မခ်စ္နိုင္ပါပဲနဲ႕ ခ်စ္တယ္ ဆိုတဲ့ စကားေတြ မသုံးပါနဲ႕ ။

အေပ်ာ္သေဘာမ်ိဳးနဲ႕ ခ်စ္တယ္လို႔ ေျပာလိုက္တာျဖစ္ေပမယ့္ တကယ္ ခ်စ္မိသြားတဲ့ မိန္းကေလးမွာ နာက်င္ရတတ္တယ္ ။ ဒီေန႕ ခ်စ္တယ္ေျပာၿပီးသြားရင္ ကိုယ့္အတြက္ ၿပီးသြားေပမယ့္ အဲ့ဒီခ်စ္တယ္ဆိုတဲ့ စကားေတြေနာက္မွာ စိတ္ကူးယဥ္ေနမိတဲ့ ေကာင္မေလးကေတာ့ အခန့္မသင့္ရင္ အခ်စ္ကို တစ္သက္စာ ေၾကာက္သြားတတ္ၾကတယ္ေလ ။

သံေယာဇဥ္ဆိုတာ မတြယ္မိသူအတြက္ ျပႆနာမရွိေပမယ့္ တြယ္တာမိသူအတြက္ကေတာ့ ျဖတ္ရခက္တယ္ေလ ။ ဒါေၾကာင့္ ဧည့္သည္ဆိုရင္လဲ ဧည့္သည္လို ေနၿပီးပဲ အခ်ိန္တန္အခါ ဘာဒဏ္ရာမွ မခ်န္ထားပဲ ျပန္သြားတာ ေကာင္းပါတယ္ ။

ဒီတစ္ခါျပန္သြားတဲ့အခါ ဒဏ္ရာေတြကိုလဲ ယူသြားပါ ၿပီးတဲ့အခါ အလြမ္းေတြလဲ ခ်န္မထားပါနဲ႕ .

မိန္းမသားတို႔အတြက္
သွ်င္ယြန္း

Leave a Reply

Your email address will not be published. Required fields are marked *