အရှုံးပေးထားပါတယ်ဆိုတဲ့လူကို ပိုပြီး အနိုင်ယူချင်ကြတယ်

အရှုံးပေးထားပါတယ်ဆိုတဲ့လူကို ပိုပြီး အနိုင်ယူချင်ကြတယ်

လူတွေက သူတို့ နိုင်လို့ရမှန်းသိရင် သူ သည်းခံနေပါလားဆိုတဲ့ စာနာစိတ်လေး မရှိကြတော့ဘူး နိုင်လို့ ရသမျှ နိုင်လို့ရနေသမျှ သူတို့ဟာ အနိုင်ယူကြဖို့ပဲ တွေးတော့တယ် ။

တကယ်တမ်းကျတော့ … တချို့က ချစ်တဲ့ စိတ်နဲ့ အရှုံးပေးထားကြတယ် ။ တချို့က သည်းခံတတ်တဲ့ စိတ်ကြောင့် အရှုံးပေးထားကြတယ် ။ ဘယ်လိုကြောင့်ပဲ အရှုံးပေးပေးပါ အရှုံးပေးထားတဲ့သူက ပိုပြီး အနိုင်ခံရတယ် ။

မရှိမဖြစ်ပါလို့ အရိုးသားဆုံး ၀န်ခံလိုက်ကတည်းက ချောင်ထိုးထားခံလိုက်ရတာဟာ အခုထိပါပဲ ။ ကိုယ့်အတွက် သူဟာ မရှိမဖြစ်ဆိုတာ သေချာသွားတဲ့အခါ ကိုယ့်ကို ဂရုမစိုက်ပဲ ပစ်ထားလဲ အချိန်တန်ရင် သူရှိနေမှာပဲဆိုတဲ့ အတွေး၀င်သွားတတ်ကြတယ် ။ ငါ စခေါ်စရာမလိုပါဘူး သူပဲ စခေါ်လာလိမ့်မယ်ဆိုတဲ့တာတွေက နောက်အတွေးတစ်ခုပေါ့ ။

ပစ်မထားပါနဲ့ ပြောတဲ့လူတွေက ပိုပြီး ပစ်ထားခြင်းခံရတယ် ။ ဘာကြောင့်လဲလို့ မေးရင် … မအားတာလဲ မဟုတ်ဘူး ဒီတိုင်းပဲ ဘယ်အရာကိုမဆို အနိုင်လိုချင်တဲ့စိတ် များသွားတဲ့သူက ဘယ်နေရာမှာမဆို သူ့ဘက်က စခေါ်ဖို့ မလိုဘူးလို့ တွေးထားတတ်ကြတာလေ ။

အရှုံးပေးရင် နှလုံးအေးတယ်တဲ့ အဲ့ဒီစကားက တကယ်ပဲ မှန်တာလား ဒါမှမဟုတ် ကျွန်မပဲ မှားတာလား အရှုံးပေးထားပါတယ်ဆိုတဲ့လူကို ပိုပြီး အနိုင်ယူချင်ကြတဲ့လူတွေကြားမှာ ကျွန်မ အရင်လို မာနလေးထားမယ်ပြီးရင် တစ်စုံတစ်ယောက်လွမ်းနေရင်တောင် ဘယ်သူမှ မရှိလဲ ဖြစ်တယ်ဆိုတဲ့ စကားကို အကျယ်ကြီးအော်မယ် တိတ်တိတ်လေး လွမ်းမယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်

Zawgyi

လူေတြက သူတို႔ နိုင္လို႔ရမွန္းသိရင္ သူ သည္းခံေနပါလားဆိုတဲ့ စာနာစိတ္ေလး မရွိၾကေတာ့ဘူး နိုင္လို႔ ရသမွ် နိုင္လို႔ရေနသမွ် သူတို႔ဟာ အနိုင္ယူၾကဖို႔ပဲ ေတြးေတာ့တယ္ ။

တကယ္တမ္းက်ေတာ့ တခ်ိဳ႕က ခ်စ္တဲ့ စိတ္နဲ႕ အရႈံးေပးထားၾကတယ္ ။ တခ်ိဳ႕က သည္းခံတတ္တဲ့ စိတ္ေၾကာင့္ အရႈံးေပးထားၾကတယ္ ။ ဘယ္လိုေၾကာင့္ပဲ အရႈံးေပးေပးပါ အရႈံးေပးထားတဲ့သူက ပိုၿပီး အနိုင္ခံရတယ္ ။

မရွိမျဖစ္ပါလို႔ အရိုးသားဆုံး ၀န်ခံလိုက်ကတည်းက ေခ်ာင္ထိုးထားခံလိုက္ရတာဟာ အခုထိပါပဲ ။ ကိုယ့္အတြက္ သူဟာ မရွိမျဖစ္ဆိုတာ ေသခ်ာသြားတဲ့အခါ ကိုယ့္ကို ဂ႐ုမစိုက္ပဲ ပစ္ထားလဲ အခ်ိန္တန္ရင္ သူရွိေနမွာပဲဆိုတဲ့ အေတြး၀င္သြားတတ္ၾကတယ္ ။ ငါ စေခၚစရာမလိုပါဘူး သူပဲ စေခၚလာလိမ့္မယ္ဆိုတဲ့တာေတြက ေနာက္အေတြးတစ္ခုေပါ့ ။

ပစ္မထားပါနဲ႕ ေျပာတဲ့လူေတြက ပိုၿပီး ပစ္ထားျခင္းခံရတယ္ ။ ဘာေၾကာင့္လဲလို႔ ေမးရင္ မအားတာလဲ မဟုတ္ဘူး ဒီတိုင္းပဲ ဘယ္အရာကိုမဆို အနိုင္လိုခ်င္တဲ့စိတ္ မ်ားသြားတဲ့သူက ဘယ္ေနရာမွာမဆို သူ႕ဘက္က စေခၚဖို႔ မလိုဘူးလို႔ ေတြးထားတတ္ၾကတာေလ ။

အရႈံးေပးရင္ ႏွလုံးေအးတယ္တဲ့ အဲ့ဒီစကားက တကယ္ပဲ မွန္တာလား ဒါမွမဟုတ္ ကြၽန္မပဲ မွားတာလား အရႈံးေပးထားပါတယ္ဆိုတဲ့လူကို ပိုၿပီး အနိုင္ယူခ်င္ၾကတဲ့လူေတြၾကားမွာ ကြၽန္မ အရင္လို မာနေလးထားမယ္ၿပီးရင္ တစ္စုံတစ္ေယာက္လြမ္းေနရင္ေတာင္ ဘယ္သူမွ မရွိလဲ ျဖစ္တယ္ဆိုတဲ့ စကားကို အက်ယ္ႀကီးေအာ္မယ္ တိတ္တိတ္ေလး လြမ္းမယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္

Leave a Reply

Your email address will not be published. Required fields are marked *