သိပ်ချစ်တတ်တဲ့ ကောင်မလေး

သိပ်ချစ်တတ်တဲ့ ကောင်မလေး

သိပ်ချစ်တတ်တဲ့ မိန်းကလေးဟာ ချစ်မိတဲ့အခါ အဆုံးစွန်ထိ ချစ်တတ်ကြတယ် ။ ဒီလို သိပ်ချစ်နေမိတဲ့အခါ ဘယ်လို အမှားမျိုးပဲ ဖြစ်ဖြစ် ခွင့်လွှတ်ဖို့ ၀န်မလေးတတ်ကြသလို … တစ်ခါတစ်လေကျ တောင်းပန်စရာမလိုပဲတောင် နားလည်ပေးတတ်ကြသေးတာ ။

ဘယ်လောက်ပဲ နာကျင်နေပါစေ … ဖက်တွယ်ထားဖို့ ၀န်မလေးဘူး ။ ဆူးချည်းပဲ ရှိနေတဲ့အရာကို ဖက်တွယ်ထားရင် ကိုယ်ပဲ နာကျင်ရမယ်ဆိုတာမှန်းသိရဲ့နဲ့ နာကျင်ပါစေ မလွှတ်ဘူးဆိုတဲ့ တစ်ယူသန်အတွေးမျိုးနဲ့ အနာကျင်ခံပြီး ဆွဲထားတတ်သေးတာလေ ။

ဒီလို အရာရာကိုနားလည်ပေးပြီး သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အခါ တစ်ချက်လောက်ပဲ ဖြစ်ဖြစ် သူ့ကို ဂရုစိုက်ပေးပါ ။ တစ်ခါလောက်ဖြစ်ဖြစ် သူ့ရင်ဘတ်ထဲကို စာနာကြည့်ပေးပါ ။ ဒီလိုသိပ်ချစ်တတ်တဲ့ မိန်းကလေးရဲ့ သည်းခံမှုတွေဟာလဲ သူ့အတိုင်းအတာနဲ့ သူ ရှိပါတယ် ။

ခဏခဏ ပစ်ထားခံရတဲ့အခါ အဲ့လို ပစ်ထားခံရခြင်းတွေမှာ သူ နေသားတကျဖြစ်သွားပြီး ဘယ်သူ့ကိုမှနေနိုင်လာလိမ့်မယ် ။ ပြီးတဲ့အခါ … သူ သည်းခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်သွားတဲ့အခါ ထင်ထားတာထက်ပိုပြီး လျစ်လျူရှုတတ်သွားလိမ့်မယ် ။ ဆက်ပြီး ဖက်တွယ်ထားရလောက်တဲ့ အင်အားတွေ မဲ့သွားတဲ့အခါ အဲ့ဒီသိပ်ချစ်တတ်တဲ့ ကောင်မလေးဟာ လှည့်ထွက်သွားနိုင်လိမ့်မယ် ။

ဒီလို မိန်းကလေးတစ်ယောက် ပြတ်သားသွားတဲ့အခါ … သာမန်ထက် ပိုပြီး သာတတ်ကြသလို တစ်သက်လုံးကျောခိုင်းပြီး နေနိုင်ချင် နေနိုင်သွားလိမ့်မယ် ။ ကျေးဇူးပြုပြီးတော့ ဒီလို သိပ်ချစ်တတ်တဲ့ ကောင်မလေးကို ရထားတဲ့အခါ နည်းနည်းလောက်ဖြစ်ဖြစ် ဂရုစိုက်ပေးပါ ။ သူဟာ … နည်းနည်းလေး ဂရုစိုက်ပေးရုံနဲ့ အများကြီး ပျော်နေတတ်တယ်ဆိုတာ မသိခဲ့ဘူးမလား ။

မိန်းမသားတို့အတွက်
သျှင်ယွန်

Zawgyi

သိပ္ခ်စ္တတ္တဲ့ မိန္းကေလးဟာ ခ်စ္မိတဲ့အခါ အဆုံးစြန္ထိ ခ်စ္တတ္ၾကတယ္ ။ ဒီလို သိပ္ခ်စ္ေနမိတဲ့အခါ ဘယ္လို အမွားမ်ိဳးပဲ ျဖစ္ျဖစ္ ခြင့္လႊတ္ဖို႔ ၀န်မလေးတတ်ကြသလို တစ္ခါတစ္ေလက် ေတာင္းပန္စရာမလိုပဲေတာင္ နားလည္ေပးတတ္ၾကေသးတာ ။

ဘယ္ေလာက္ပဲ နာက်င္ေနပါေစ ဖက္တြယ္ထားဖို႔ ၀န်မလေးဘူး ။ ဆူးခ်ည္းပဲ ရွိေနတဲ့အရာကို ဖက္တြယ္ထားရင္ ကိုယ္ပဲ နာက်င္ရမယ္ဆိုတာမွန္းသိရဲ႕နဲ႕ နာက်င္ပါေစ မလႊတ္ဘူးဆိုတဲ့ တစ္ယူသန္အေတြးမ်ိဳးနဲ႕ အနာက်င္ခံၿပီး ဆြဲထားတတ္ေသးတာေလ ။

ဒီလို အရာရာကိုနားလည္ေပးၿပီး သိပ္ခ်စ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့အခါ တစ္ခ်က္ေလာက္ပဲ ျဖစ္ျဖစ္ သူ႕ကို ဂ႐ုစိုက္ေပးပါ ။ တစ္ခါေလာက္ျဖစ္ျဖစ္ သူ႕ရင္ဘတ္ထဲကို စာနာၾကည့္ေပးပါ ။ ဒီလိုသိပ္ခ်စ္တတ္တဲ့ မိန္းကေလးရဲ႕ သည္းခံမႈေတြဟာလဲ သူ႕အတိုင္းအတာနဲ႕ သူ ရွိပါတယ္ ။

ခဏခဏ ပစ္ထားခံရတဲ့အခါ အဲ့လို ပစ္ထားခံရျခင္းေတြမွာ သူ ေနသားတက်ျဖစ္သြားၿပီး ဘယ္သူ႕ကိုမွေနနိုင္လာလိမ့္မယ္ ။ ၿပီးတဲ့အခါ သူ သည္းခံနိုင္တဲ့အတိုင္းအတာထက္ ေက်ာ္လြန္သြားတဲ့အခါ ထင္ထားတာထက္ပိုၿပီး လ်စ္လ်ဴရႈတတ္သြားလိမ့္မယ္ ။ ဆက္ၿပီး ဖက္တြယ္ထားရေလာက္တဲ့ အင္အားေတြ မဲ့သြားတဲ့အခါ အဲ့ဒီသိပ္ခ်စ္တတ္တဲ့ ေကာင္မေလးဟာ လွည့္ထြက္သြားနိုင္လိမ့္မယ္ ။

ဒီလို မိန္းကေလးတစ္ေယာက္ ျပတ္သားသြားတဲ့အခါ သာမန္ထက္ ပိုၿပီး သာတတ္ၾကသလို တစ္သက္လုံးေက်ာခိုင္းၿပီး ေနနိုင္ခ်င္ ေနနိုင္သြားလိမ့္မယ္ ။ ေက်းဇူးျပဳၿပီးေတာ့ ဒီလို သိပ္ခ်စ္တတ္တဲ့ ေကာင္မေလးကို ရထားတဲ့အခါ နည္းနည္းေလာက္ျဖစ္ျဖစ္ ဂ႐ုစိုက္ေပးပါ ။ သူဟာ နည္းနည္းေလး ဂ႐ုစိုက္ေပး႐ုံနဲ႕ အမ်ားႀကီး ေပ်ာ္ေနတတ္တယ္ဆိုတာ မသိခဲ့ဘူးမလား ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္

Leave a Reply

Your email address will not be published. Required fields are marked *